ရွှေဖိနပ်ဆု ကို ဘယ်တိုက်စစ်မှုးသစ် ရမလဲ ဟောကိန်းထုတ်လိုက်တဲ့ ရှောင် ရိုက်ဖီးလစ်

ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်း ဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ဒီနွေမှာ တိုက်စစ်ကြယ်ပွင့်သစ်တွေ အသီးသီး ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

မန်စီးတီးက ဒေါ့မွန်နဲ့ အတူ ခြေစွမ်းပြ ဂိုးသွင်းကောင်းနေတဲ့ ဟာလန်းကို ခေါ်လိုက်သလို လီဗာပူးကလည်း ငယ်ရွယ်ပြီး ခြေစွမ်းထက်လွန်းတဲ့ ဒါဝင် နူညက်ဇ် ကို ဘင်ဖီကာ ထံကနေ အရ ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့မှာ ကစားခဲ့တဲ့ တောင်ပံ ကစားသမားဟောင်းကြီး ရှောင် ရိုက်ဖီးလစ်ကတော့ လာမယ့် ရာသီမှာ ဟာလန်းနဲ့ နူညက်ဇ် တို့ ဘယ်သူ ဂိုးပိုသွင်းနိုင်မလဲ ဆိုတာ သုံးသပ်ခန့်မှန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

” ကျနော် ဒါဝင် နူညက်ဇ်နဲ့ ဟာလန်းတို့ အကြောင်း တွေးမိတယ်။ မန်စီးတီးက ခြေမကောင်းတဲ့ နေ့တွေမှာတောင် တစ်ပွဲတည်း ဂိုးအခွင့်အရေး ၁ဝ ကြိမ်နဲ့ အထက် ဖန်တီးနိုင်တဲ့ အသင်းပါ။ ဟာလန်းကတော့ လက်ဝါးချင်းတောင် ပွတ် (ရှယ်ပဲ လို့တောင် တွေး) နေလောက်ပါပြီ။

နူညက်ဇ်ကလည်း လီဗာပူး ကစားပုံနဲ့ အတော်ကို အံဝင်မယ့် သူပါ၊ ဒါကို မြင်နိုင်ပါတယ်။ နှစ်သင်းလုံးကတော့ ခေါ်ယူမှုကောင်းတွေ လုပ်လိုက်ပြီ။ ဒီတိုက်စစ်မှုး နှစ်ယောက်လုံးကလည်း ကိုယ်စီ အသင်းတွေမှာ ကွက်တိ အံဝင် အစွမ်းပြကြမယ့် ပုံပါပဲ။

ဒါပေမယ့် ဟာလန်းက ရွှေဖိနပ် ဆု ကို ရသွားနိုင်မယ်လို့ ကျနော် ထင်တယ်။ ဘယ်နှဂိုး သွင်းမလဲ ထိုင်ရေနေဖို့သာ ရှိတာ၊ သူက သေချာပေါက် ဂိုးတွေ သွင်းမှာပဲ။ စီးတီးမှာ ရှိတဲ့ အခွင့်အရေး ဖန်တီးနိုင်မှုတွေနဲ့ ဆို သူ့ သွင်းဂိုးက နှစ်ဆတောင် တက်သွားဦးမယ်။

ဟာလန်းက မန်စီးတီးရဲ့ ကျားကွက်ထဲမှာ လိုအပ်နေတဲ့ တစ်ခုတည်းသော အစိတ်အပိုင်းပါပဲ။ ဒီခေါ်ယူမှုနဲ့ သူတို့ နောက်ရာသီ ချန်ပီယံလိဂ်တောင် ရသွားနိုင်ပါတယ်။ ” လို့ ရိုက်ဖီးလစ်က သုံးသပ်သွားခဲ့ပါတယ်။