ဇင်ချန်ကို ထွက်ဖွယ် ရှိနေတာကြောင့် ဘယ်စွန်တစ်ဦး လက်ဦးမှုယူ ခေါ်ထားဖို့ မန်စီးတီး လှုပ်ရှားနေ
ပြီးခဲ့တဲ့အပတ် သတင်းတွေအရ မန်စီးတီးအသင်းဟာ လာမယ့်ရာသီသစ်အတွက် ဈေးကွက်ထဲမှာ ဘယ်နောက်ခံလူ တစ်ဦး ရှာဖွေဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ဇင်ချန်ကိုက စီးတီးကနေ ထွက်ခွာတော့မယ့် အနေအထားမှာ ဘာစီလိုနာ၊ ဝက်စ်ဟမ်း၊ ဗီလာနဲ့ လက်စတာတို့က ချိတ်ဆက်နေကြပါတယ်။ သတင်းတွေအရ စီးတီးအသင်းဟာ ကန်ဆယ်လို ရှိနေပေမယ့် ဘယ်နောက်ခံလူတစ်ဦး ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဆိုပါအခြေအနေကြောင့် စီးတီးအသင်းဟာ ဘရိုက်တန်စတား ကူကူရယ်လာကို ရာသီသစ်မစခင်မှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ စပိန်ဂျာနယ်လစ်တွေဖြစ်တဲ့ မိုရီတိုနဲ့ အဲလ်ဘတ်တို့ကတော့ စီးတီးအသင်းဟာ ဘရိုက်တန် စတား ကူကူရယ်လာကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိဖို့က မခက်ခဲနိုင်တာဖြစ်ပေမယ့် ရိုမာနိုရဲ့အဆိုအရ စီးတီးဟာ ဘရိုက်တန် အသင်းထံ တရားဝင်ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
နောက်ဆုံး သတင်းတွေအရ စီးတီးဟာ ကူကူရယ်လာအတွက် တရားဝင်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ကာ လာမယ့်ရက် အနည်းငယ်လောက် အတွင်းမှာ ၂ ဦး ၂ ဖက်အဆင်ပြေနိုင်မယ်လို့ ယုံကြည်နေပါတယ်။
စီးတီးဟာ တိုက်စစ်ပိုင်းအတွက် ဟာလန်းကို ဒေါ့မွန် အသင်းထံကနေ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့သလို အခုလည်း ကူကူရယ်လာကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။
ဂွါဒီယိုလာကလည်း လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဟောင်းနဲ့ လက်တွဲလိုနေတာဖြစ်ပြီး ကစားသမားရဲ့ပြီးပြည့်စုံတဲ့ ဖြတ်တင်ဘောပေးပို့မှု၊ ဘောလုံးသယ်ယူနိုင်မှု နဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကို သဘောကျနေတာဖြစ်ပါတယ်။