ပွဲစဉ်ဇယားတွေ ထွက်လာပြီးနောက် စူပါကွန်ပျူတာရဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ဇယား ခန့်မှန်းချက်

မနေ့က လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေ တရားဝင် ပေါ်ထွက်လာပြီးနောက် စူပါကွန်ပျူတာက လာမယ့်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားက ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းလိုက်ပြီဖြစ်ပါတယ်။

အသင်းကြီးတွေက ကစားသမားသစ်ခေါ်ယူမှု ပြုလုပ်နေပြီ ဖြစ်ပြီး betting app SBK ရဲ့ ခန့်မှန်းချက်အရ လာမယ့်ရာသီမှာလည်း မန်စီးတီးအသင်း ဗိုလ်စွဲဦးမယ်လို့ သိရပါတယ်။

စူပါကွန်ပျူတာက ထိပ်သီး၄သင်းဟာလည်း ယမန်နှစ်ကနဲ့ အတူတူပဲဖြစ်မယ်လို့ဆိုပြီး လီဗာပူး၊ ချဲလ်ဆီး၊ တော့တင်ဟမ် တို့သာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ဖော်ပြထားပါတယ်။

တန်ဟက် ယူနိုက်တက်ကို ကိုယ်တွယ်ရမယ့် ပထမဆုံးပွဲစဉ်ကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့်ပွဲ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ အဖွင့်ပွဲမှာ ရင်ဆိုင်ရမယ့် အာဆင်နယ်ကတော့ အဆင့်၆နေရာသာ ရမယ်လို့ အဆိုပါခန့်မှန်းချက်ထဲ ဖော်ပြထားပါတယ်။

ထူးခြားတာကတော့ ပိုင်ရှင်အသစ်နဲ့ နယူးကာဆယ်က လာမယ့်ရာသီကုန်မှာ ဝက်စ်ဟမ်းရဲ့ အဆင့်၇နေရာကို ယူနိုင်မယ် လို့ ခန့်မှန်းထားတာပဲ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း၊ လက်စတာနဲ့ အက်စတွန်ဗီလာတို့ကတော့ အဆင့်၁၀ နေရာထိ လက်ကျန်နေရာတွေကို ယူသွားဖို့ ရှိနေပါတယ်။

ယမန်နှစ်ရာသီက တန်းဆင်းဇုန်တိုက်ပွဲဝင်ခဲ့ရတဲ့ အဲဗာတန်ကတော့ အဆင့်၁၃နေရာနဲ့ ပိတ်သိမ်းနိုင်မယ်ဆိုပေမဲ့ ပရိသတ်တွေကိုတော့ ကျေနပ်စေမှာ မဟုတ်ပါဘူး။ တန်းဆင်းရမယ့် အသင်းတွေအဖြစ် ထူးထူးခြားခြားပဲ တန်းတက် လာတဲ့ ဖူလ်ဟမ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက်တို့သာ တန်းပြန်ဆင်းရမယ်လို့ ဖော်ပြထားပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းကတော့ ယမန်နှစ်ရာသီက အတိုင်းပဲ တန်းဆင်းရမှုကို ကပ်ပြီးရှောင်လွှဲကာ အဆင့် ၁၇ နေရာမှာ ရာသီကုန်မယ်လို့ ဆိုပါတယ်။