စတာလင်အတွက် မန်စီးတီး မျှော်လင့်ထားတာထက် ပေါင် ၂၅ သန်း ဈေးလျော့ဖွယ်ရှိ

မန်စီးတီးဟာ တိုက်စစ်သမား စတာလင်ကို ဒီနွေမှာ ရောင်းချဖို့ ကြိုးစားနေပေမယ့် အသင်း တောင်းဆိုသလို ပေါင် သန်း ၆၀ ထိ ရဖွယ် မရှိဘူးလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်သား တိုက်စစ်သမားဟာ ဒီနွေမှာ မန်ချက်စတာကနေ ထွက်ခွာမှာဖြစ်ပြီး လန်ဒန်ကလပ် ချယ်ဆီးအသင်းထံ ရောက်ရှိဖွယ် ရှိနေတာပါ။

ချယ်ဆီးဘက်က အလေးအနက် စိတ်ဝင်စားမှု ပြသလာတဲ့နောက် မကြာခင်မှာ တာဝန်ရှိသူတွေ ဆွေးနွေးမှု လုပ်ကြမှာဖြစ်ပါတယ်။

ဒါပေမယ့်လို့ မကြာသေးခင်ကပဲ ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ အသက် ၃၀ အရွယ် တိုက်စစ်မှူး မာနေးကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားခဲ့တာပါ။

စတာလင်ကလည်း မန်စီးတီးနဲ့ စာချုပ် ၁ နှစ်ပဲကျန်တာဖြစ်လို့ တူညီတဲ့ ပြောင်းရွှေ့ကြေးမျိုးပဲ ပေးချေဖို့ ချယ်ဆီးတို့ စဉ်းစားထားပါတယ်။

ပြောင်းရွှေ့ကြေးဟာ ကလပ်နှစ်သင်းကြား အဓိက ဆွေးနွေးရမယ့် ကိစ္စ ဖြစ်လာခဲ့သလို ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရေးမှာ ကတိပေးဖို့တွေလည်း ရှိလာမှာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာဖလားမှာ ပါဝင်ခွင့်အတွက် စတာလင်က ပုံမှန် ပွဲထွက်ခွင့် ရလိုနေကာ ချယ်ဆီးထံ ပြောင်းရမယ်ဆိုရင်တောင် ကစားခွင့် အာမခံချက် ပေးရမှာဖြစ်တယ်။

မန်စီးတီးဘက်ကတော့ ၂၀၂၃ နွေမှာ စတာလင်ကို အလွတ်နဲ့ လက်လွတ်ရမယ့်အစား ဒီနွေမှာတင် ရောင်းထုတ်မှာဖြစ်ပေမယ့် ပြည်တွင်း ပြိုင်ဘက်ကို ဈေးပေါပေါနဲ့ ရောင်းထုတ်ဖို့ ဆန္ဒမရှိပါဘူး။

နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညိနှိုင်းရဖို့ ရှိလာနေပြီး မန်စီးတီးဘက်က အလိုရှိတဲ့ ပေါင် သန်း ၆၀ ထက်တော့ ဈေးချပေးရဖွယ် ရှိနေတာဖြစ်ပါတယ်။