ဒီနွေမှာ အရေးကြီး ပုဂ္ဂိုလ် ထွက်သွားလို့ လူသစ် ရှာရဦးမယ့် မန်စီးတီးနဲ့ ပက် ဂွါဒီယိုလာ
မန်ချက်စတာစီးတီးဟာ ဒီနွေမှာ အသင်းရဲ့ အားထားရတဲ့ အဓိက သူ တစ်ဦးကို လက်လွှတ်ရပြီ ဖြစ်ပါတယ်။ သူကတော့ ဂွာဒီယိုလာရဲ့ ကာလရှည် သူငယ်ချင်းလည်း ဖြစ်၊ လက်ထောက် နည်းပြလည်း ဖြစ်တဲ့ ဟွမ်မာလီလို ဖြစ်ပါတယ်။
ဟွမ်မာ လီယို ရဲ့ အရေးပါမှု တစ်ချက်ကို အနီးစပ်ဆုံး အရင် ပြရမယ် ဆိုရင် မန်စီးတီးအသင်းဟာ အစ်တီဟတ်က ရာသီနောက်ဆုံးနေ့မှာ အက်စတန် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ အလွန်အမင်း စိတ်ပျက်ဒေါသထွက်နေတဲ့ ဂွါဒီယိုလာ က နည်းပြခုံတန်းကို ပြန်သွားထိုင်ခဲ့ပြီး သူ အားကိုးခဲ့ရတဲ့ လီလို ဆီက အကြံဉာဏ်တောင်းခဲ့ပါတယ်။
လက်ထောက်နည်းပြ ဟွမ်မာ လီလို ဟာ အခြေအနေကို အကဲဖြတ်ဖို့ အချိန်ခဏယူခဲ့ပြီး မန်စီးတီးဟာ ထူးထူးခြားခြား ပြန်လာနိုင်ခဲ့ပြီး အားလုံး လက်မှိုင်ချနေချိန်မှာ အခြေအနေတွေကို ရုပ်ရှင်ဆန်ဆန် ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာက အသင်းမှာ သူ စိတ်အေးလက်အေး နေရအောင် ကူညီနေတဲ့ လီလိုရဲ့ လုပ်ဆောင်နိုင်စွမ်းကို အရင်တုန်းက ချီးကျူးခဲ့ဖူးပါတယ်။ အာတီတာ နောက် ရောက်လာတဲ့ ဟွမ်မာ လီလိုရဲ့ မန်စီးတီးမှာရှိနေခဲ့တဲ့ ၂ နှစ်တာ အတွင်း အကျိုးသက်ရောက်မှုဟာ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့မှုမှာ ကစားသမားတွေ လောက်ကို အရေးပါခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီနွေမှာတော့ ဟွမ်မာ လီလိုဟာ ကာတာကလပ် အယ်လ်-ဆတ်ဒ်အသင်းရဲ့ နည်းပြရာထူးကို လက်ခံဖို့ မန်စီးတီး ကို စွန့်ခွာသွားပြီဖြစ်ပြီး ဂွါဒီယိုလာကို အရေးအကြီးဆုံး ခေါ်ယူမှု ပြုလုပ်ရမယ့် အခြေအနေနဲ့ ချန်ရစ်ခဲ့တာဖြစ်ပါတယ်။
“သူ မရှိဘဲနဲ့ ကျွန်တော်တို့ ရှိနေတဲ့ အမှတ်ပေးဇယားက နေရာမှာ ရှိနေဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ သူက ကျွန်တော် မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်ပါတယ်။ သူ့မှာ ထူးခြားတဲ့အာရုံရှိတယ်။ အထူးသဖြင့် အခြေအနေတွေ ဆိုးရွားနေတဲ့ အချိန်မှာပေါ့။ သူ ကျွန်တော့်ကို စိတ်အေးအေးထားနိုင်အောင် လုပ်နိုင်ပြီး ရလဒ်နဲ့ အသင်းရဲ့ အခြေအနေမှန်ကို ခွဲခြားမြင်စေနိုင်ခဲ့ပါတယ်”
“ကျွန်တော် မမြင်နိုင်တဲ့အရာကို မြင်ဖို့ သူ့မှာ အမြဲတမ်း အမြင်ရှိခဲ့တယ်။ ဒီကာလအတွင်း သူနဲ့ ဘော်ရဲလ်တို့ရဲ့ အကူအညီတွေက အရမ်းအရေးပါခဲ့တယ်။ ”လို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။
အာဆင်နယ်နည်းပြ ဖြစ်လာဖို့ အာတီတာ မန်ချက်စတာစီးတီးကို စွန့်ခွာခဲ့ချိန်မှာ ဂွါဒီယိုလာဟာ ရာသီဝက်ကြီးမှာ ဖြစ်တာကြောင့် ဟွမ်မာ လီလိုကို အစားထိုးခေါ်ယူဖို့ အတော် အချိန်ယူခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာလည်း မန်စီးတီးဟာ လီလို လို အားထားရတဲ့ သူ တစ်ဦး မှန်ကန်စွာ ရွေးချယ်ဖို့ ထပ်မံ ရှာဖွောရဦးမှာပါ။