လာမယ့်ရာသီ မန်စီးတီးရဲ့ ပြိုင်ဘက်တွေထဲ ပါဝင်လာမယ့် ကြီး ၆ ကြီး မဟုတ်တဲ့ ကလပ်အသင်း
လာမယ့်ရာသီမှာ ကြီး ၆ ကြီး စာရင်းဝင်အသင်း မဟုတ်ပေမယ့် မန်စီးတီးကို အဓိက စိန်ခေါ်လာနိုင်မယ့် ကလပ်အသင်း ရှိနေတယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း ဆာဟာက သုံးသပ်လိုက်ပါတယ်။
လူးဝစ် ဆာဟာက ဖရန့် လမ်းပတ် ဦးဆောင်နေတဲ့ အဲဗာတန် အသင်း ဟာ လာမယ့် ရာသီမှာ ဥရောပ ဝင်ခွင့် တနေရာ ခြိမ်းခြောက်မယ့် Big 6 ပြင်ပမှ ကလပ် တသင်း ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။
အဲဗာတန်မှာ အရည်အသွေးကောင်းတဲ့ ကစားသမား အချို့ ရှိနေပြီး လမ်းပတ် အကောင်းဆုံး ပြင်ဆင်နိုင်ရင် သူတို့ဟာ တောင့်တင်းတဲ့ အသင်းဖြစ်နေပေမယ့် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ သရဖူကို စိန်ခေါ်ဖို့ထက် ဥရောပဝင်ခွင့် တစ်နေရာကို စိန်ခေါ်ဖို့ ဦးတည်တာပဲ ဖြစ်လာဖို့ ရှိပါတယ်။
ဆာဟာက ” ပရီးမီးယားလိဂ်ကလပ် အတော်များများဟာ ထိပ်ဆုံး ၆ သင်းထဲ ဝင်နိုင်တဲ့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားသလို ထိပ်ဆုံး ၄နေရာ အတွက်တောင် စိန်ခေါ်နိုင်စွမ်း ရှိပါတယ်။
အဲဗာတန်ဟာ အဲ့လိုအသင်းတွေထဲက တသင်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ဘောလုံး ရာသီ ဘယ်လို စတင်တယ် ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
ဖရန့် လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာ အမြောက်အမြား ရင်ဆိုင်ခဲ့ရတဲ့ အဲဗာတန်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပြီး ၊ ပွဲစဉ်ဇယား ကြပ်တည်းတဲ့ကြားက အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။
အကယ်လို့ သူတို့ အနေနဲ့ ပေးဆပ်မှု အပြည့် ၊ စိတ်လှုပ်ရှားမှု အပြည့် ၊ ယုံကြည်မှု အပြည့်နဲ့သာ ရာသီသစ်ကို စတင်နိုင်ခဲ့မယ်ဆိုရင် ၊ အဲဗာတန် ဟာ လာမယ့်နှစ်မှာ အံ့သြဖွယ် အရာတွေ လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။