မန်စီးတီးနဲ့ အတူ ရာသီကြို အစတည်းက လာရောက် ပူးပေါင်းမယ့် ကစားသမားသစ် ကယ်ဗင် ဖီးလစ်

မန်စီးတီး ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်တဲ့ ကစားသမားသစ် ကယ်ဗင် ဖီးလစ်ဟာ စီးတီး အသင်းသား တစ်ဦး အဖြစ် ရာသီကြို အစတည်းက လာရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အင်အားဖြည့်တင်းမှုတွေ ခပ်သွက်သွက် ပြုလုပ်နေခဲ့တာပါ။ ထိပ်တန်းလူငယ်တိုက်စစ်မှူးလေး အာလင်ဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒီနွေ ဒုတိယမြောက် အဓိက ခေါ်ယူမှု အဖြစ် လိဒ်စ်ယူနိုက်တက်ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးဟာ ကယ်လ်ဗင်ဖီးလစ်ကို ကနဦးပြောင်းရွှေ့ကြေးပေါင် ၄၂ သန်း + အပိုဆုကြေး ၈ သန်းနဲ့ ကမ်းလှမ်း ခဲ့တာဖြစ်ပြီး ထို ကမ်းလှမ်းမှုကို လိဒ်စ်ယူနိုက်တက်အသင်းဘက်က လက်ခံခဲ့ပါတယ်။

မန်စီးတီးဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားခဲ့ပြီးဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ဟာ တရားဝင် ကြေညာချက် မထုတ်လာသေးပေမယ့် အပြီးအပြတ် အတည် ဖြစ်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ကယ်ဗင်ဖီးလစ်ကို ကမ်းလှမ်းခဲ့တဲ့အသင်း လေးငါးသင်းထက် မနည်းရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဂွာဒီယိုလာ လက်အောက်မှာ ကစားဖို့ပဲ ဆန္ဒရှိနေတာကြောင့် အခြားကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခြားဆက်စပ်သတင်းများအရ မန်စီးတီးဟာ တိုက်စစ်မှူး ဂျေးဆု ကို အာဆင်နယ်အသင်းဆီ ပေါင် ၄၅ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

မန်စီးတီး ရဲ့ ဒီနွေ ဈေးကွက် လှုပ်ရှားမှုတွေက ရပ်တန့်သွားဦးမှာ မဟုတ်ဘဲ နောက်ထပ် ပစ်မှတ်တစ်ခုအနေနဲ့ ကယ်ဗင် ဖီးလစ်ရဲ့ အသင်းဖော်၊ လိဒ်စ်ယူနိုက်တက်မှ ရာဖင်ညာကို အရှိန်မြှင့် ကြိုးပမ်းတော့မှာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

Zawgyi

မန္စီးတီး ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္တဲ့ ကစားသမားသစ္ ကယ္ဗင္ ဖီးလစ္ဟာ စီးတီး အသင္းသား တစ္ဦး အျဖစ္ ရာသီၾကိဳ အစတည္းက လာေရာက္ ပူးေပါင္းေတာ့မွာ ျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ဒီ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အင္အားျဖည့္တင္းမႈေတြ ခပ္သြက္သြက္ ျပဳလုပ္ေနခဲ့တာပါ။ ထိပ္တန္းလူငယ္တိုက္စစ္မႉးေလး အာလင္ဟာလန္းကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ ဒီေႏြ ဒုတိယေျမာက္ အဓိက ေခၚယူမႈ အျဖစ္ လိဒ္စ္ယူႏိုက္တက္ကြင္းလယ္လူ ကယ္ဗင္ ဖီးလစ္ကို ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးဟာ ကယ္လ္ဗင္ဖီးလစ္ကို ကနဦးေျပာင္းေ႐ႊ႕ေၾကးေပါင္ ၄၂ သန္း + အပိုဆုေၾကး ၈ သန္းနဲ႔ ကမ္းလွမ္း ခဲ့တာျဖစ္ၿပီး ထို ကမ္းလွမ္းမႈကို လိဒ္စ္ယူႏိုက္တက္အသင္းဘက္က လက္ခံခဲ့ပါတယ္။

မန္စီးတီးဟာ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရထားခဲ့ၿပီးျဖစ္တာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ဟာ တရားဝင္ ေၾကညာခ်က္ မထုတ္လာေသးေပမယ့္ အၿပီးအျပတ္ အတည္ ျဖစ္သြားၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။

ကယ္ဗင္ဖီးလစ္ကို ကမ္းလွမ္းခဲ့တဲ့အသင္း ေလးငါးသင္းထက္ မနည္းရွိခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ဂြာဒီယိုလာ လက္ေအာက္မွာ ကစားဖို႔ပဲ ဆႏၵရွိေနတာေၾကာင့္ အျခားကမ္းလွမ္းမႈေတြကို ျငင္းဆန္ပယ္ခ်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အျခားဆက္စပ္သတင္းမ်ားအရ မန္စီးတီးဟာ တိုက္စစ္မႉး ေဂ်းဆု ကို အာဆင္နယ္အသင္းဆီ ေပါင္ ၄၅ သန္းနဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

မန္စီးတီး ရဲ႕ ဒီေႏြ ေစ်းကြက္ လႈပ္ရွားမႈေတြက ရပ္တန္႔သြားဦးမွာ မဟုတ္ဘဲ ေနာက္ထပ္ ပစ္မွတ္တစ္ခုအေနနဲ႔ ကယ္ဗင္ ဖီးလစ္ရဲ႕ အသင္းေဖာ္၊ လိဒ္စ္ယူႏိုက္တက္မွ ရာဖင္ညာကို အရွိန္ျမႇင့္ ႀကိဳးပမ္းေတာ့မွာျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။