စတာလင် အတွက် ပထမဆုံး ကမ်းလှမ်းမှု ပိုင်ရှင် ကိုယ်တိုင် ပြုလုပ်လာတော့မယ့် ချဲလ်ဆီး အသင်း

မန်စီးတီးရဲ့ တောင်ပံ တိုက်စစ်ကစားသမား စတာလင်ကို ချဲလ်ဆီး အသင်း က ဒီနွေရာသီမှာ ခေါ်ယူလိုနေတာဖြစ်ပြီး စာချုပ် အခြေအနေကြောင့် ဖြစ်လာနိုင်ချေရှိတယ် လို့လည်း ထင်နေတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် စတာလင်ဟာ မန်စီးတီးနှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ချဲလ်ဆီး ကတော့ သူ့ကို စီးတီးကနေ အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကမ်းလှမ်းမှုများ မပြုလုပ်မီ တူချယ်ဟာ စတာလင်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်း က ဖော်ပြထားပါတယ်။

စာချုပ်ရဲ့ နောက်ဆုံး ၁၂လ အတွင်းသို့ ဝင်ရောက်လာပြီဖြစ်တာကြောင့် စတာလင်က အသင်းပြောင်းဖို့ စဉ်းစားနေပြီ ဖြစ်သော်လည်း ကမ္ဘာ့ဖလားမှာပါဝင်လိုနေတာကြောင့် ပုံမှန်ပွဲထွက်ခွင့် ရရှိလိုနေတာဖြစ်ပါတယ်။

အင်္ဂလန်အတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိနေတဲ့ စတာလင်ကို ဥရောပရှိအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ၎င်းကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့ကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။

ချဲလ်ဆီးကတော့ စတာလင်အတွက် လက်ဦးမှု ယူဖို့ ပထမဆုံး ကမ်းလှမ်းမှု ပြုလုပ်တော့မှာဖြစ်ပါတယ်။ ကနဦး ကမ်းလှမ်းမှု အနေနဲ့ ပေါင် သန်း ၅၀ နှင့် ၆၀ ကြား ကမ်းလှမ်းဖို့ရှိနေပါတယ်လို့ ပြောဆိုထားကြပါတယ်။

ချဲလ်ဆီးရဲ့ပိုင်ရှင်အသစ် ဖြစ်တဲ့ တော့ဒ်ဘိုလီဟာ ဒီနွေရာသီ ကစားသမားအသစ် ၆ ဦး ဝယ်ပေးမယ်လို့ တူချယ်ကို ကတိပေးထားတယ်လို့ သိရှိရပါတယ်။

မန်စီးတီးကတော့ ဟာလန်းကို ပေါင် ၅၁ သန်း ပေးကာ ခေါ်ယူထားနိုင်ပြီဖြစ်ပြီး ကယ်လ်ဗင် ဖီးလ်လစ်ကလည်း ပေါင် ၄၅ သန်းဖြင့် ရောက်လာတော့မှာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ နောက်ထပ် ခေါ်ယူမှု အနေဖြင့် ဘရိုက်တန်က ကူကာရယ်လာကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။