ဦးစားပေး နေရာ မရတောင် မန်စီးတီးမှာပဲ ဆက်နေပြီး ကစားသမား ဘဝ ကုန်ဆုံး လိုနေတဲ့ တိုက်စစ်မှုး
မန်စီးတီး တိုက်စစ်မှုး မာရက်ဇ်ဟာ မန်ချက်စတာ ကလပ်နဲ့ စာချုပ် သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပြီး မန်စီးတီးမှာပဲ ဆက် ကစားလိုနေပါတယ်။
အယ်လ်ဂျီးရီးယား တိုက်စစ်မှုးဟာ အသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ အသင့်ဖြစ်နေပါတယ်။ မာရက်စ်ဟာ လက်ရှိမှာ တပတ်လုပ်ခ ပေါင် ၁၆၀၀၀၀ ရရှိနေတာပါ။
မန်စီးတီးကလည်း မာရက်ဇ်နဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်ကို အစီအစဉ်ရှိနေပြီး ရှေ့လထဲမှာ ဆေးနွေးညှိနှိုင်းဖို့ ရှိနေပါတယ်။ အသက် ၃၁ နှစ်အရွယ် မာရက်ဇ်ဟာ သူ့ရဲ့ ကျန်တဲ့ ကစားသမားဘဝကို မန်စီးတီးအသင်းမှာပဲ ကုန်ဆုံးလိုဟန် ရှိနေပါတယ်။
အယ်လ်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှုး မန်ချက်စတာမှာ ချစ်သူ တေလာဝက်ဒ် နဲ့ အတူတူ နေထိုင်ရတာ အသားကျ နေပြီး ဒီနှစ်ထဲမှာပဲ သူတို့ရဲ့ ပထမ ကလေး မွေးဖွားဖို့ ရှိနေပါတယ်။ မာရက်စ်ရဲ့ ချစ်သူ တေလာကတော့ တိုက်စစ် ကစားသမားဟောင်း အက်ရှလေရဲ့ သမီးပဲ ဖြစ်ပါတယ်။
မန်စီးတီး ကစားသမားဖြစ်တဲ့ ဂျေးဆုက အာဆင်နယ်အသင်းကို ပြောင်းရွေ့ဖို့ သဘောတူညီမှုရရှိသွားပြီး ၊ ရာဟင်း စတာလင်က ချဲလ်ဆီးအသင်းနဲ့ သတင်းတွေထွက်ပေါ်နေကာ အသင်းမှာ အနာဂတ်မသေချာတာကြောင့် မာရက်ဇ်က သူ့အတွက် အခွင့်အရေးကောင်းတစ်ရပ်လို ဖြစ်နေတာပါ။
မန်စီးတီး အသင်းဘက်ကလည်း မာရက်ဇ် ကို အလွတ်ထွက်ခွာခွင့်နဲ့ အဆုံးရှုံးမခံနိုင်သလို ကစားသမားနဲ့ စာချုပ် သက်တမ်းတိုးဖို့ အချက်တွေကလည်း ဘာမှ အခက်အခဲ ရှိမနေပါဘူး။
မာရက်ဇ်ဟာ ၂၀၁၈ ခုနှစ်မှာ မန်စီးတီး အသင်းကို လက်စတာအသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ မန်စီးတီးနဲ့ အတူ ဆုဖလား ၃ လုံးအပါအဝင် အောင်မြင်မှုများစွာကို ရယူထားတဲ့ မာရက်ဇ်ဟာ စီးတီး အတွက် အခုထိ ၁၈၉ ပွဲ ကစားကာ ၆၃ ဂိုး သွင်းယူပေးထားပါတယ်။
မာရက်ဇ်ဟာ စီးတီးမှာ ဦးစားပေး နေရာတော့ ရမှာ မဟုတ်ဘဲ ဒီနွေမြှ မန်စီးတီးကတော့ ဂျေးဆပ်နဲ့ စတာလင်အတွက် အာလင်ဟာလန်းနဲ့ ဂျူလီယန်အယ်ဗာရက်တို့ကို ခေါ်ယူဖြည့်တင်းထားပြီး ဖြစ်ပါတယ်။
မန်စီးတီးဟာ ဖာနန်ဒင်ဟို နေရာမှာ အစားထိုးနိုင်ဖို့ လိဒ်ကွင်းလယ်ကစားသမား ကီဗင်ဖီးလစ်ကိုလဲ သဘောတူညီမှု ရထားပြီ ဖြစ်ပါတယ်။