မန်စီးတီးတော့ ဒီဈေးကွက်မှာ နောင်တရစရာ အမှားကြီးလုပ်မိပြီလို့ ကွင်းလယ်လူဟောင်း ဝေဖန်

မန်စီးတီး ကစားသမားဟောင်းကြီးဖြစ်သူ ဟာမန်းက နည်းပြ ပတ်ဂွာဒီယိုလာအနေနဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို အာဆင်နယ်အသင်းဆီ ရောင်းချလိုက်ခြင်းဟာ နောင်တရစရာ အမှားတစ်ခုကို လုပ်ဆောင်ခြင်းပဲလို့ ဝေဖန်လိုက်ပါတယ်။

မန်စီးတီး အသင်းဟာ တိုက်စစ်ကစားသမား ဂျေဇူးကို ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်းထံ ပေါင် ၄၅ သန်းနဲ့ ရောင်းချဖို့ သဘောတူညီ ခဲ့တာ ဖြစ်ပါတယ်။ ဂျေဇူးဟာ မန်စီးတီးနဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။

ဟာလန်းနဲ့ အဲဗာရက်ဇ်တို့လို အထောင်တိုက်စစ်ကစားသမား နှစ်ဦးကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ဂျေဇူးကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပေမယ့် ဒါက မှန်ကန်တဲ့ လုပ်ရပ်လို့ ဟာမန်းက မယူဆခဲ့ပါဘူး။

ဟာမန်းက “ ဂျေဇူးကို ထွက်ခွာခွင့်ပေးလိုက်တာက ပတ်ဂွာဒီယိုလာ အနေနဲ့ အမှားတစ်ခု လုပ်လိုက်တာပါပဲ။ ဟာလန်းက ဒဏ်ရာတွေ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်က အရမ်းကို ရုပ်ပိုင်းဆိုင်ရာ ဦးစားပေးတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

ဂါဘရီရယ်ဂျေဇူးရဲ့ အချက်အလက် မှတ်တမ်းတွေကို ကြည့်လိုက်မယ်ဆိုရင် အရမ်း အထင်ကြီးလောက်စရာပါ။ နောက်ပြီး သူက အသင်းအတွက် ဂိုးတွေများစွာ သွင်းယူပေးနိုင်ခဲ့တာဖြစ်လို့ အခုလို သူ့ကို ထွက်ခွာခွင့်ပြုလိုက်တာက ကျွန်တော် အလွန်ကို အံ့အားသင့်မိရတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ဂျေဇူးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပင်နယ်တီ ဧရိယာအတွင်း ဂိုးအများဆုံး သွင်းထားနိုင်သူ ဖြစ်ပြီး စုစုပေါင်း ၅၈ ဂိုး အထိ သွင်းထား နိုင်ပါတယ် ။

ဂျေဇူး ဟာ မန်စီးတီး အသင်း အတွက် ပွဲပေါင်း ၂၃၁ပွဲ ကစား ၉၄ ဂိုး သွင်းယူ ပေးထားပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ ခါရာဘောင်းဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၁ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။