ဇူလိုင် ၁ ရက်နေ့မှာ ဂိုးသမား အော်တီဂါ နဲ့ ကွင်းလယ် ဖီးလစ် ခေါ်ယူမှုတွေ အပြီးသတ်နေတဲ့ မန်စီးတီး
ဒီနေ့ ဇူလိုင် ၁ ရက်နေ့ကတော့ ဥရောပ ဘောလုံးရပ်ဝန်းမှာ ကစားသမားတွေ လက်ရှိကလပ်တွေနဲ့ စာချုပ်ကုန်ဆုံးရင် နောက်ဆုံးရက် ဖြစ်တာကြောင့် တရားဝင် ကစားသမား ခေါ်ယူမှု ကြေညာမှုတွေ အတွက် အလုပ်များတဲ့ နေ့လို့ ဆိုရမှာပါ။
မန်ချက်စတာ စီးတီးအသင်းကလည်း ဒီနေ့မှာ ဂိုးသမား အော်တီဂါနဲ့ ကွင်းလယ် ကယ်ဗင် ဖီးလစ် အတွက် တရားဝင် ကစားသမား အဖြစ် စာရင်းသွင်းဖို့ လှုပ်ရှားနေပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဘီလီဖီးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးလို့ ထွက်ခွာလာတဲ့ ဂိုးသမား စတီဖန် အော်တီဂါကို ဒီနေ့ လက်မှတ်ထိုး ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ စီးတီးက အော်တီဂါကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ကျောနံပါတ် (၁၈) ကို ဝတ်ဆင် သွားမှာပါ။
လိဒ်စ် ယူနိုကတက် ကွင်းလယ်လူ ကယ်ဗင်ဖီးလစ် ကလည်း ဒီနေ့မှာပဲ မန်စီးတီးနဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ဆေးစစ်နေပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ ကယ်ဗင် ဖီးလစ် အတွက် ပြောင်းရွှေ့ကြေး လက်ငင်း ငွေသား ပေါင် ၄၂ သန်း အပြင် အပိုထပ်ဆောင်း ဆုကြေးများ ထည့်သွင်း တွက်မယ်ဆို စုစုပေါင်း ပေါင်သန်း ၅၀ နီးပါး သုံးခဲ့ရတာ ဖြစ်ပါတယ်။
ဖီးလစ် ဆေးစစ်မှု ပြီးစီးရင် မကြာခင်ပဲ စာချုပ် လက်မှတ်ရေးထိုးကာ မန်စီးတီး ကစားသမားသစ် အဖြစ် ကြေညာသွားတော့မှာ ဖြစ်ပါတယ
Zawgyi
ဒီေန႔ ဇူလိုင္ ၁ ရက္ေန႔ကေတာ့ ဥေရာပ ေဘာလံုးရပ္ဝန္းမွာ ကစားသမားေတြ လက္ရွိကလပ္ေတြနဲ႕ စာခ်ဳပ္ကုန္ဆံုးရင္ ေနာက္ဆံုးရက္ ျဖစ္တာေၾကာင့္ တရားဝင္ ကစားသမား ေခၚယူမႈ ေၾကညာမႈေတြ အတြက္ အလုပ္မ်ားတဲ့ ေန႔လို႔ ဆိုရမွာပါ။
မန္ခ်က္စတာ စီးတီးအသင္းကလည္း ဒီေန႔မွာ ဂိုးသမား ေအာ္တီဂါနဲ႕ ကြင္းလယ္ ကယ္ဗင္ ဖီးလစ္ အတြက္ တရားဝင္ ကစားသမား အျဖစ္ စာရင္းသြင္းဖို႔ လႈပ္ရွားေနျပီ ျဖစ္ပါတယ္။
မန္စီးတီးဟာ ဂ်ာမန္ ဘြန္ဒက္စ္လီဂါကလပ္ ဘီလီဖီးလ္နဲ႕ စာခ်ဳပ္ သက္တမ္း ကုန္ဆုံးလို႔ ထြက္ခြာလာတဲ့ ဂိုးသမား စတီဖန္ ေအာ္တီဂါကို ဒီေန႔ လက္မွတ္ထိုး ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။ စီးတီးက ေအာ္တီဂါကို သုံးႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူခဲ့ၿပီး ေက်ာနံပါတ္ (၁၈) ကို ဝတ္ဆင္ သြားမွာပါ။
လိဒ္စ္ ယူနို္ကတက္ ကြင္းလယ္လူ ကယ္ဗင္ဖီးလစ္ ကလည္း ဒီေန႔မွာပဲ မန္စီးတီးနဲ႕ အေျပာင္းအေရႊ႕ အျပီးသတ္ဖုိ႔ ေဆးစစ္ေနျပီ ျဖစ္ပါတယ္။
မန္စီးတီးဟာ ကယ္ဗင္ ဖီးလစ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး လက္ငင္း ေငြသား ေပါင္ ၄၂ သန္း အျပင္ အပိုထပ္ေဆာင္း ဆုေၾကးမ်ား ထည့္သြင္း တြက္မယ္ဆို စုစုေပါင္း ေပါင္သန္း ၅၀ နီးပါး သံုးခဲ့ရတာ ျဖစ္ပါတယ္။
ဖီးလစ္ ေဆးစစ္မႈ ျပီးစီးရင္ မၾကာခင္ပဲ စာခ်ဳပ္ လက္မွတ္ေရးထိုးကာ မန္စီးတီး ကစားသမားသစ္ အျဖစ္ ေၾကညာသြားေတာ့မွာ ဖျစ္ပါတယ္။