ရီးရဲလ်မက်ဒရစ် ထံ ပြောင်းရွှေ့ဖို့ မေးမြန်းမှုတွေ ပြုလုပ်နေတဲ့ မာရက်ဇ်နဲ့ အေးဂျင့် ဖြစ်သူ
မန်စီးတီး တောင်ပံကစားသမား မာရက်ဇ်နဲ့ သူ့ရဲ့အေးဂျင့်တို့ဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်ခြေ အတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ စပိန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် မာရက်ဇ်ဟာ ဂွါဒီယိုလာ အားထားတဲ့ ကစားသမား တယောက် ဖြစ်ပမယ့် သူ့ရဲ့ စာချုပ်သက်တမ်းက နောက်နှစ် နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။
မာရက်ဇ်ဟာ ဒီကြားထဲမှာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဖြစ်ခဲ့ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမှာဖြစ်ပါတယ်။ ဒီကြောင့် မာရက်ဇ်က အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကိုယ်တိုင်ကလည်း မာရက်ဇ်ရဲ့ နည်းစနစ်ပိုင်းအရည်အသွေးကို ချီးကျူးထားပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကတော့ မာရက်ဇ်ကိုခေါ်ယူနိုင်မယ်ဆိုရင်တောင် အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ အဲ့ဒါကြောင့် လာမယ့်နွေရာသီမှာ မာရက်ဇ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကို စောင့်ကြည့်ရဖွယ် ရှိပါတယ်။
မာရက်ဇ်ဟာ အင်္ဂလန်ပြည်တွင်းမှာ လက်စတာ၊ မန်စီးတီးတို့နဲ့ အတူ ဆုဖလား ပေါင်းစုံ ဆွတ်ခူးပြီး ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အင်္ဂလန်မြေကို စွန့်ခွာသွားဖွယ် ရှိနေပါတယ်။
မာရက်ဇ်ရဲ့ ကစားသမားဘဝမှာ တခုတည်းသော လိုအပ်နေတဲ့ ဆုဖလားက ချန်ပီယံလိဂ်ဖလားပဲ ဖြစ်နေပြီး ရီးရဲလ်မက်ဒရစ်က သူ့အိပ်မက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အသင်းအဖြစ် မာရက်ဇ်က မှတ်ယူထားပုံ ရပါတယ်။
Zawgyi
မန္စီးတီး ေတာင္ပံကစားသမား မာရက္ဇ္နဲ႔ သူ႔ရဲ႕ေအးဂ်င့္တို႔ဟာ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခ အတြက္ စုံစမ္းေမးျမန္းမႈေတြ ျပဳလုပ္ေနတယ္လို႔ စပိန္အေျခစိုက္သတင္းဌာနေတြက ေဖာ္ျပခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္အ႐ြယ္ မာရက္ဇ္ဟာ ဂြါဒီယိုလာ အားထားတဲ့ ကစားသမား တေယာက္ ျဖစ္ပမယ့္ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းက ေနာက္နွစ္ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာပါ။
မာရက္ဇ္ဟာ ဒီၾကားထဲမွာ အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ျဖစ္ခဲ့ရင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ရမွာျဖစ္ပါတယ္။ ဒီေၾကာင့္ မာရက္ဇ္က အနာဂတ္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနပါတယ္။
ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီကိုယ္တိုင္ကလည္း မာရက္ဇ္ရဲ႕ နည္းစနစ္ပိုင္းအရည္အေသြးကို ခ်ီးက်ဴးထားၿပီး အသင္းရဲ႕ တိုက္စစ္ပိုင္းကို အားျဖည့္ေပးႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။
ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္ဥကၠဌ ပီရက္ဇ္ကေတာ့ မာရက္ဇ္ကိုေခၚယူႏိုင္မယ္ဆိုရင္ေတာင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔သာ ေခၚယူဖို႔ ဆႏၵရွိေနပါတယ္။ အဲ့ဒါေၾကာင့္ လာမယ့္ေႏြရာသီမွာ မာရက္ဇ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕ ဇာတ္လမ္းကို ေစာင့္ၾကည့္ရဖြယ္ ရွိပါတယ္။
မာရက္ဇ္ဟာ အဂၤလန္ျပည္တြင္းမွာ လက္စတာ၊ မန္စီးတီးတို႔နဲ႔ အတူ ဆုဖလား ေပါင္းစံု ဆြတ္ခူးျပီး ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း စိန္ေခၚမႈအသစ္ေတြ ရင္ဆိုင္ဖို႔ အဂၤလန္ေျမကို စြန္႔ခြာသြားဖြယ္ ရွိေနပါတယ္။
မာရက္ဇ္ရဲ႕ ကစားသမားဘဝမွာ တခုတည္းေသာ လိုအပ္ေနတဲ့ ဆုဖလားက ခ်န္ပီယံလိဂ္ဖလားပဲ ျဖစ္ေနျပီး ရီးရဲလ္မက္ဒရစ္က သူ႔အိပ္မက္ကို ျဖည့္ဆည္းေပးႏိုင္မယ့္ အသင္းအျဖစ္ မာရက္ဇ္က မွတ္ယူထားပံု ရပါတယ္။