မန်စီးတီးနဲ့ မန်ယူတို့ အပြိုင် ချိတ်ဆက်နေကြတဲ့ ဂန်းနားဟောင်း ဘိုင်ယန်ကြယ်ပွင့် ဂနာဘရီ
မန်ချက်စတာမြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ဂနာဘရီ ကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာတယ် လို့ သိရပါတယ်။
မန်စီးတီးကတော့ အခုနွေရာသီမှာ စတာလင်ကို လက်လွှတ်ရမယ့် အနေအထားမှာ တောင်ပံကစားသမားတစ်ဦး ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဂနာဘရီဟာ ဘိုင်ယန်အသင်းရဲ့တစ်ပတ်လုပ်ခပေါင် ၂ သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။
ဘိုင်ယန်မြူးနစ် ဘက်ကတော့ ဂနာဘရီ ကို အသင်းမှာ ဆက်ထိန်းချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားက ငြင်းဆန်နေတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေခဲ့ရင် ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။
အသက် ၂၆ နှစ်သားဟာ စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိတဲ့အနေအထားမှာ ဘိုင်ယန်ကပေါင် ၃၅ သန်းလောက် ရရှိမယ်ဆိုရင် ရောင်းချဖွယ် ရှိနေပါတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ စီးတီးတို့ဟာ ဂျာမန်သားရဲ့အခြေအနေကို စောင့်ကြည့်နေပြီး တန်ဟက် ကတော့ အသင်းကို ပြန်လည်တည်ဆောက်လိုနေတာဖြစ်ပါတယ်။
မန်စီးတီးဟာ စတာလင်ကို ချဲလ်ဆီးအသင်းထံ လက်လွှတ်ရမှာဖြစ်လို ဂျီးဆပ်စ်ကိုလည်း အာဆင်နယ်အသင်းထံ လက်လွှတ်ထားခဲ့ရပါတယ်။ ဂနာဘရီဟာ တောင်ပံ ၂ ဖက်လုံးမှာအပြင် အလယ်မှာလည်း ကစားနိုင်စွမ်းရှိတာကြောင့် စီးတီးအတွက် အဆင်ပြေနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် ဂွါဒီယိုလာက ဟာလန်း၊ အယ်လ်ဗာရက်ဇ် နဲ့ ကီဗင်ဖီးလစ်တို့ကိုခေါ်ယူပြီးနောက် ဘယ်နောက်ခံလူတစ်ဦး ခေါ်ယူချင်နေပါတယ်။ စီးတီးဟာ ဘရိုက်တန်ဘယ်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး မကြာခင်မှာ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။
မန်စီးတီးဟာ ပေါင် ၁၀၈ သန်းအသုံးပြုထားခဲ့ပြီးဖြစ်ကာ ပေါင်သန်း ၂၇၀ လောက်အထိ မြင့်တက်သွားဖွယ်ရှိနေပါတယ်။