မန်စီးတီးနဲ့ တိုက်စစ်မှုးသစ် ဟာလန်းတို့ကြား သတ်မှတ်ထားတဲ့ စာချုပ် ဖျက်သိမ်းကြေး ထွက်ပေါ်လာ

နော်ဝေ တိုက်စစ်ကြယ်ပွင့် အာလင်း ဟာလန်း ကို သဘောကျ ခေါ်ယူလိုတဲ့ အသင်းတွေ အတွက် အားတက်စရာ တစ်ခုအဖြစ် မန်စီးတီးနဲ့ ဟာလန်းတို့အကြား စာချုပ်ဖျက်သိမ်းကြေး က မတန်တဆကြီး များပြားတဲ့ ပမာဏ မဟုတ်တာ ပေါက်ကြားလာခဲ့ပါတယ်။

၂၀၂၅ မှာ အသက်ဝင်မယ့် မန်စီးတီးနဲ့ ဟာလန်းတို့ စာချုပ် ဖျက်သိမ်းောကးက ပေါင်သန်း ၁၅၀ သာ ရှိမယ် လို့ သတင်းတွေ့ ဆိုပါတယ်။

ဟာလန်း အေးဂျင့်တွေဟာ နော်ဝေး လက်ရွေးစင် တိုက်စစ်မှူးအတွက် စာချုပ် ချုပ်ဆိုရာမှာ စာချုပ်ဖျက်သိမ်းကြေး တစ်ရပ်ကို ထည့်သွင်းချုပ်ဆိုရန် စီစဉ်ထားလေ့ရှိပြီး ယခု မန်စီးတီးနှင့် ဟာလန်းတို့အကြား သဘောတူ စာချုပ်မှာလည်း များစွာ ကွာခြားသွားခဲ့မှု မရှိပါဘူး။

စပိန်အခြေစိုက် မာကာသတင်းဌာန၏ ဖော်ပြချက်အရ ဟာလန်း၏ စာချုပ်ဖျက်သိမ်းကြေးမှာ ၂၀၂၄ ခုနှစ်တွင် ပေါင် ၁၇၂ သန်း၊ ၂၀၂၅ ခုနှစ်တွင် ပေါင်သန်း ၁၅၀ သို့ ရောက်ရှိသွားမယ် လို့ သိရပါတယ်။

ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၁၅၀ မှာ ၂၀၂၅ ခုနှစ်အထိ အသက်ဝင်မည် မဟုတ်ဘဲ ဟာလန်းကို ခေါ်ယူလိုသော အသင်းများအနေဖြင့် ၂၀၂၅ ခုနှစ် အထိ မန်ချက်စတာရှိ နော်ဝေး တိုက်စစ်မှူး အခြေအနေအပေါ် စောင့်ကြည့်လေ့လာရဦးမှာပါ။

မာကာ သတင်းအရ ဟာလန်းသည် သူ၏ စာချုပ်များတွင် စာချုပ်ဖျက်သိမ်းကြေး ငွေပမာဏတစ်ရပ်ကို ထည့်သွင်းချုပ်ဆိုလေ့ ရှိကြောင်း သိရသည်။

ရက်ဒ်ဘူးဆဲလ်ဘတ်မှ ဒေါ့မွန်သို့ ဟာလန်း ပြောင်းရွှေ့ခဲ့စဉ်ကလည်း ဒေါ့မွန်နှင့် စာချုပ်ချုပ်ဆိုရာတွင် စာချုပ် ဖျက်သိမ်းကြေးကို ထည့်သွင်းခဲ့ပြီး မန်စီးတီးက ဟာလန်းကို ဂျာမနီမှ အင်္ဂလန်မြေသို့ ခေါ်ဆောင်နိုင်ရေး ကြိုးပမ်းခဲ့ ရာတွင် အဆိုပါစာချုပ်ဖျက်သိမ်းကြေးကို အသုံးပြုခဲ့သည်။ ဟာလန်းသည် ဒေါ့မွန်အတွက် ၈၇ ပွဲကစား၊ ၈၃ ဂိုး သွင်းယူပေးခဲ့သည်။