ကျောနံပါတ် ၉ ရွေးချယ် ဝတ်ဆင်ပြီး မန်စီးတီးနဲ့ အတူ ဂိုးသွင်းကြမ်းတော့မယ့် အာလင်း ဟာလန်း

မန်စီးတီး အသင်းဆီကို ပူပူနွေးနွေးရောက်ရှိလာတဲ့ ဟာလန်းက အရင် ဂျေးဆု ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင် ကစားသွားမှာ ဖြစ်တယ်လို့ စနေနေ့မှာ မန်စီးတီး အသင်းဘက်က ထုတ်ပြန်လာပါတယ်။

ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားမယ့် နော်ဝေလက်ရွေးစင် တိုက်စစ်မှုး က သူ့အနေနဲ့ နံပါတ်က ပေးအပ်တဲ့ တာဝန်တွေကို ရယူရမှာဖြစ်ပြီး လာမဲ့ရာသီသစ်မှာ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

လာမယ့် ဇူလိုင်လ ၂၁ရက်နေ့မှာပဲ အသက် ၂၂နှစ်ပြည့်မယ့် ဟာလန်းက ဒီနွေမှာမှ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းနဲ့အတူ ၂ရာသီခွဲ ကစားပြီး ပြိုင်ပွဲစုံ ၈၉ပွဲမှာ ၈၆ ဂိုးသွင်းယူထားတဲ့ ဟာလန်းက ၁၀၈ ပွဲ ကစားပြီး ၁၂၃ ဂိုးသွင်းယူထားတဲ့ လီဝန်ဒေါ့စကီးနဲ့ ၁၁၁ ပွဲ ကစားပြီး ၉၃ဂိုးသွင်ယူပေးထားနိုင်တဲ့ မက်ပီတို့ပြီးရင် ဥရောပထိပ်တန်းလိဂ် လိဂ် ၅ခု မှာ အများဆုံးပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ ဟာလန်းက ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားထားပြီး ၂၉ဂိုးသွင်းယူပေးထာနိုင်ခဲ့ကာ ဂိုးပေါက် ခြိမ်းခြောက်မှု အနေနဲ့ ပျမ်းမျှ တစ်ပွဲကို ၃.၆ ကြိမ်အထိရှိထားတာဖြစ်ပြီး သူရရှိလာတဲ့ အခွင့်ရေးကောင်းတွေရဲ့ ၆၅.၈% ကို ဂိုးအဖြစ် ပြောင်းလဲပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းက ပြီးခဲ့တဲ ရာသီမှာ ဟာလန်းကဲ့သို့ အထာင်တိုက်စစ်မှုး စစ်စစ်မပါရှိဘဲ တိုက်စစ်အားသန် ကစားသမားတွေက အထောင်နေရာကို ဟန်ပြဆော့ပေးတဲ့ ပုံစံဖြင့် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အကြိုဗိုလ်လုပွဲ အဆင့်အထိ တက်လှမ်းထားခဲ့ပြီး ပရီးမီယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ရာသီမှာတော့ ကျောနံပါတ် ၉ တိုက်စစ်မှုးသစ် ဟာလန်းနဲ့ အတူ မန်ချက်စတာ စီးတီးရဲ့ ဂိုးမြူးတဲ့ နေ့ရက်တွေ ပိုမိုမြင်ရဖွယ် ရှိနေပါတယ်။