လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့် အသင်းတွေကို ရွိုင်ကိန်း ဟောကိန်းထုတ်
လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို မန်စီးတီးနဲ့ လီဗာပူးတို့ပဲ အဓိက စိန်ခေါ်မှာဖြစ်ကြောင်း ရွိုင်ကိန်းက ပြောဆိုပါတယ်။
စီးတီးဟာ ဒီနွေရာသီမှာ အာလင်းဟာလန်း အယ်ဗာရက်စ် နဲ့ ကယ်ဗင်ဖီးလစ် တို့ကို အားဖြည့်ထားခဲ့ပြီး ရာဟင်းစတားလင်း နဲ့ ဂါဘရီရယ်ဂျီဆု တို့ကို ချဲလ်ဆီး အာဆင်နယ် တို့ကို ရောင်းထုတ်ထားခဲ့ပါတယ်။
လီဗာပူးကလည်း မာနေးကို ဘိုင်ယန်မြူးနစ်ထံ လက်လွှတ်ခဲ့ရပေမယ့်လည်း ဒါဝင်နူးနက် ကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူကာ ပြန်လည် အားဖြည့်ထားခဲ့ပါတယ်။
ကိန်းက “ကျွန်တော် ကတော့ ချဲလ်ဆီး တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ဟာ မန်စီးတီး လီဗာပူး တို့နဲ့ ကွာဟချက်ကို လျော့ချနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ သူတို့ဟာ လာမည့် ရာသီမှာ ပိုပြီးတော့ ကောင်းလာကြမှာ ဖြစ်ပါတယ်။
သူတို့မှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိထားတဲ့ အပြင် ကောင်းမွန်တဲ့ ကစားသမား အားဖြည့်မှုတွေလည်း လုပ်ထားခဲ့ ပါတယ်။ ဒါပေမယ့် ချန်ပီယံ ဖြစ်မယ့် အသင်းကတော့ မန်စီးတီး နဲ့ လီဗာပူး တို့ကလွဲပြီး မရှိနိုင် ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

ကိန်းက အသင်းဟောင်း ဖြစ်တဲ့ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မှာ မဟုတ်သေးပေမယ့် နည်းပြသစ် အဲရစ်တန်းဟတ် ရောက်လာခြင်းနဲ့အတူ အနာဂတ်မှာတော့ စိန်ခေါ်လာနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။
ရွိုင်ကိန်းက “ နည်းပြတန်ဟက်ကို ကစားသမား ခေါ်ယူမှုတွေ အတွက် ငွေပေးသုံးဖို့ လိုအပ်ပါတယ်။ အသင်းရဲ့ အတွေ့အကြုံရင့် ကစားသမား ၄ ဦး ၅ ဦး ကတော့ အသင်းကနေ ထွက်သွားခဲ့ပါပြီ။
ကျွန်တော် ကတော့ ဒါဟာ ကောင်းတဲ့ အရာလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အခုချိန်မှာ မန်စီးတီး နဲ့ လီဗာပူး တို့ကို ယှဉ်နိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်မိပါဘူး။” လို့ သုံးသပ်ခဲ့ ပါတယ်။
