ချဲလ်ဆီး ရောက်သွားတဲ့နောက် မန်စီးတီး ဂျာစီ ပေါ်မှာ လက်မှတ်ထိုးပေးဖို့ ငြင်းဆန်လိုက်တဲ့ စတာလင်

ရာသီကြို ခြေစမ်း ခရီးစဉ် အဖြစ် အသင်းသစ် ချဲလ်ဆီး နဲ့ တအူ အမေရိကန်ကို ရောက်ရှိနေတဲ့ စတာလင်က ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ အခိုက် မန်စီးတီး အသင်းရဲ့ ဂျာစီပေါ် အမှတ်တရ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခံရတဲ့ အခါ သူ့အနေနဲ့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ယက် မီဒီယာတွေပေါ် တင်ထားတဲ့ ဗီဒီယိုတွေထဲမှာတော့ ကစားသမားသစ် စတာလင်က ချဲလ်ဆီး ပရိသတ်တွေနဲ့ အတူ တရင်းတနှီးရွှင်ပျစွာ အမှတ်တရ လက်မှတ်ရေးထိုးတာ၊ ဓာတ်ပုံရိုက်ခံတာမျိုးတွေ ပြုလုပ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက မန်စီးတီးဂျာစီနဲ့ လက်မှတ် ရေးထိုးခိုင်းလာတဲ့ အခါမှာတော့ အင်္ဂလန် တိုက်စစ် ကစားသမား စတာလင်က မသိကျိုးကျွန် ပြုလိုက်ကာ တခြား ပရိသတ်တွေဆီ ကျော်ပြီးတော့ လက်မှတ် ရေးထိုးသွာခဲ့တာပါ။

ချဲလ်ဆီး ပရိသတ်တွေကတော့ မကြာသေးမီ ရက်ပိုင်းကမှ မန်စီးတီး အသင်းကနေ ပြောင်းရွှေ့လာတဲ့ စတာလင်ရဲ့ အခုလို ပြတ်သားတဲ့ လုပ်ဆောင်ချက်ကို မြင်တွေ့ခွင့် ရရှိလိုက်တဲ့ ပရိတ်သတ်တွေကတော့ ကျေနပ် သွားကြသွားပါတယ်။

စတာလင်ရဲ့ အသင်းသစ်ဖြစ်တဲ့ ချဲလ်ဆီး အသင်းက ရာသီကြို ခြေစမ်းပွဲစဉ် အဖြစ် လာမဲ့ ကြာသပတေးနေ့ နံနက်ခင်း၌ The Bank of America ကွင်းကြီးမှာ ချာလော့တီ အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေပါတယ်။

Zawgyi

ရာသီႀကိဳ ေျခစမ္း ခရီးစဥ္ အျဖစ္ အသင္းသစ္ ခ်ဲလ္ဆီး နဲ႕ တအူ အေမရိကန္ကို ေရာက္ရွိေနတဲ့ စတာလင္က ပရိသတ္ေတြနဲ႔ ေတြ႕ဆုံတဲ့ အခိုက္ မန္စီးတီး အသင္းရဲ႕ ဂ်ာစီေပၚ အမွတ္တရ လက္မွတ္ေရးထိုးေပးဖို႔ ေတာင္းဆိုခံရတဲ့ အခါ သူ႔အေနနဲ႔ ျငင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

လူမႈကြန္ယက္ မီဒီယာေတြေပၚ တင္ထားတဲ့ ဗီဒီယိုေတြထဲမွာေတာ့ ကစားသမားသစ္ စတာလင္က ခ်ဲလ္ဆီး ပရိသတ္ေတြနဲ႔ အတူ တရင္းတႏွီး႐ႊင္ပ်စြာ အမွတ္တရ လက္မွတ္ေရးထိုးတာ၊ ဓာတ္ပုံ႐ိုက္ခံတာမ်ိဳးေတြ ျပဳလုပ္ေနတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက မန္စီးတီးဂ်ာစီနဲ႔ လက္မွတ္ ေရးထိုးခိုင္းလာတဲ့ အခါမွာေတာ့ အဂၤလန္ တိုက္စစ္ ကစားသမား စတာလင္က မသိက်ိဳးကြၽန္ ျပဳလိုက္ကာ တျခား ပရိသတ္ေတြဆီ ေက်ာ္ၿပီးေတာ့ လက္မွတ္ ေရးထိုးသြာခဲ့တာပါ။

ခ်ဲလ္ဆီး ပရိသတ္ေတြကေတာ့ မၾကာေသးမီ ရက္ပိုင္းကမွ မန္စီးတီး အသင္းကေန ေျပာင္းေ႐ႊ႕လာတဲ့ စတာလင္ရဲ႕ အခုလို ျပတ္သားတဲ့ လုပ္ေဆာင္ခ်က္ကို ျမင္ေတြ႕ခြင့္ ရရွိလိုက္တဲ့ ပရိတ္သတ္ေတြကေတာ့ ေက်နပ္ သြားၾကသြားပါတယ္။

စတာလင္ရဲ႕ အသင္းသစ္ျဖစ္တဲ့ ခ်ဲလ္ဆီး အသင္းက ရာသီႀကိဳ ေျခစမ္းပြဲစဥ္ အျဖစ္ လာမဲ့ ၾကာသပေတးေန႔ နံနက္ခင္း၌ The Bank of America ကြင္းႀကီးမွာ ခ်ာေလာ့တီ အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရဖို႔ ရွိေနပါတယ္။