ဘာနာဒို ဆေးလ်ဗားကို နေမာနဲ့ လဲဖို့ ပီအက်စ်ဂျီ ကမ်းလှမ်းမှု အပေါ် မန်စီးတီး ငြင်းဆန်ပယ်ချ

ပီအက်စ်ဂျီ အသင်းဟာ ဘာနာဒို ဆေးလ်ဗားကို ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာနဲ့ အလဲအထပ်လုပ်ဖို့ မန်စီးတီးကို ကမ်းလှမ်းခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံတွေက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

ပြင်သစ် သတင်းဌာန Le Parisian ရဲ့ ဖော်ပြချက်အရ ပြင်သစ်လိဂန်းထိပ်သီးအသင်းကြီးဟာ နေမာ ပါဝင်တဲ့ သဘောတူညီမှု ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂွါဒီယိုလာအနေနဲ့ ၎င်းရဲ့ ကြယ်ပွင့်ကစားသမားကို အပြန်အလှန်အနေနဲ့ ပြန်ပေးရမှာဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီနည်းပြသစ် ခရစ္စတိုဖီ ဂဲလ်တီယာဟာ ဘာနာဒို ဆေးလ်ဗားကို မျက်စိ ကျနေပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းက ဘယ်လို အလဲအထပ် သဘောတူညီမှုမျိုးကိုမဆို ပြုလုပ်လိုခြင်းမရှိတာကြောင့် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ နေမာ တည်ရှိနေမှု အသင်းလူစာရင်းရဲ့ သဟဇာတဖြစ်မှုကို ဟန်ချက်ပျက်စေမှာဖြစ်တာကြောင့် ဘရာဇီးလ် ကြယ်ပွင့်ကို မလိုချင်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ စီးတီးကို အခုလို အခြေအနေ ဖြစ်လာအောင် နှစ်ပေါင်းများစွာ အချိန်ပေးပြီး တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် မန်ချက်တာစီးတီးအသင်းဟာ အာလင်း ဟာလန်း၊ ယူလီယန် အဲဗားရက်ဇ်နဲ့ ကယ်လ်ဗင် ဖိလစ် တို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်သလို ဘရာဇီးလ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၆ သိန်းရရှိနေတဲ့ ကစာသမားဖြစ်တာကြောင့် ခေါ်ယူလိုခြင်းမရှိတာဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္းဟာ ဘာနာဒို ေဆးလ္ဗားကို ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာနဲ႔ အလဲအထပ္လုပ္ဖို႔ မန္စီးတီးကို ကမ္းလွမ္းခဲ့ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံေတြက ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ပါတယ္။

ျပင္သစ္ သတင္းဌာန Le Parisian ရဲ႕ ေဖာ္ျပခ်က္အရ ျပင္သစ္လိဂန္းထိပ္သီးအသင္းႀကီးဟာ ေနမာ ပါဝင္တဲ့ သေဘာတူညီမႈ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာအေနနဲ႔ ၎ရဲ႕ ၾကယ္ပြင့္ကစားသမားကို အျပန္အလွန္အေနနဲ႔ ျပန္ေပးရမွာျဖစ္ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီနည္းျပသစ္ ခရစၥတိုဖီ ဂဲလ္တီယာဟာ ဘာနာဒို ေဆးလ္ဗားကို မ်က္စိ က်ေနေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းက ဘယ္လို အလဲအထပ္ သေဘာတူညီမႈမ်ိဳးကိုမဆို ျပဳလုပ္လိုျခင္းမရွိတာေၾကာင့္ ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ေနမာ တည္ရွိေနမႈ အသင္းလူစာရင္းရဲ႕ သဟဇာတျဖစ္မႈကို ဟန္ခ်က္ပ်က္ေစမွာျဖစ္တာေၾကာင့္ ဘရာဇီးလ္ ၾကယ္ပြင့္ကို မလိုခ်င္ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပဟာ စီးတီးကို အခုလို အေျခအေန ျဖစ္လာေအာင္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ေပးၿပီး တည္ေဆာက္ခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ မန္ခ်က္တာစီးတီးအသင္းဟာ အာလင္း ဟာလန္း၊ ယူလီယန္ အဲဗားရက္ဇ္နဲ႔ ကယ္လ္ဗင္ ဖိလစ္ တို႔ကိုလည္း ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္သလို ဘရာဇီးလ္ တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၆ သိန္းရရွိေနတဲ့ ကစာသမားျဖစ္တာေၾကာင့္ ေခၚယူလိုျခင္းမရွိတာျဖစ္ပါတယ္။