ဘာစီလိုနာ၊ PSG တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေကို တစ်ခွန်းတည်းနဲ့ အပြီးသတ်ပေးလိုက်တဲ့ ဘာနာဒို
မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းမှာ အဆုံးသတ်တဲ့အချိန်အထိ ဆက်နေချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ကာ အပြောင်းအရွှေ့သတင်းတွေကို အပြီးသတ်လိုက်ပါတယ်။ ဆေးလ်ဗားရဲ့ ပြောကြားချက်က အပြောင်းအရွှေ့သတင်းတွေကို ငြိမ်သက်စေခဲ့သလို အသင်းမှာ ကာလရှည် ဆက်ရှိလိုနေတာဖြစ်ပါတယ်။
ပေါ်တူဂီသားကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့က ချိတ်ဆက်နေကြတာဖြစ်ပါတယ်။ မိုနာကိုကနေ ပြောင်းရွှေ့ လာပြီးနောက် မန်စီးတီးအသင်းမှာ ၅ နှစ်ကြာ ကစားခဲ့ကာ စာချုပ်သက်တမ်းက ၂၀၂၅ အထိ ကျန်ရှိနေတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာကလည်း အသက် ၂၇ နှစ်သားကို အလျင်စလိုရှင်းထုတ်ဖို့ အလိုမရှိတာဖြစ်ကာ ကလပ်အမေရိကနဲ့ပွဲမှာတော့ ပွဲကစားချိန် ၇၆ မိနစ်အထိ ပါဝင်ကစားခဲ့ပါတယ်။
“ရာသီသစ်အတွက် ကွန်တော် အကောင်းဆုံးပြင်ဆင်နေပါတယ်။ စီးတီးအတွက် ကျွန်တော် ကစားပေးခွင့်ရသလောက် ကစားပေးချင်ပါတယ်။ ကျွန်တော် အကောင်းဆုံး ပေးဆပ်ကစားသွားမှာပါ။ အသင်း ပရိသတ်တွေနဲ့ အသင်းဖော် တွေကြား ဆက်ဆံရေး ကလည်း တကယ်ကောင်းပါတယ်။ ကျွန်တော်အမြဲတမ်း လေးစားပြီးသားပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ပြင်သစ်သတင်းစာက ဖော်ပြခဲ့တဲ့ ပီအက်စ်ဂျီဟာ နေမာနဲ့ ဆေးလ်ဗားကို အလဲအထပ်လုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
ဘာစီလိုနာဟာ အသင်းရဲ့လူအင်အားကို ဖြည့်တင်း ထားပြီး ဖြစ်ပေမယ့် ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်လိုနေကာ မန်စီးတီးရဲ့ ဘာနာဒို ဆေးလ်ဗားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။