ဟာလန်းနဲ့အတူ မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဖလား စိန်ခေါ်နိုင်ရေး အလားအလားကို ပေါလ်မာဆန် သုံးသပ်

လာမယ့်ရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရရေး ရေပန်းအစားဆုံး အသင်းကတော့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးပါပဲလို့ သုံးသပ်သူကြီး ပေါလ်မာဆန်က ဟောကိန်းထုတ်လိုက်ပါတယ်။

ဒီနွေမှာ စတာလင်၊ ဂျေးဆုတို့ကို လက်လွတ်ထားပြီးနောက် ဟာလန်း၊ အဲဗာရက်စ်တို့ကို ခေါ်ယူထားတဲ့ မန်စီးတီးဟာ ကစားသမားသစ်တွေနဲ့ အထိုင်ကျခြင်း ဘယ်လောက် မြန်ဆန်မလဲဆိုတာကပဲ လာမယ့်ရာသီ ဆုဖလား အောင်မြင်ရေးအတွက် အဓိကကျလိမ့်မယ်လို့ မာဆန်က မြင်ပါတယ်။

ပေါလ်မာဆန်က ” ဒီအခြေအနေမှာ မန်စီးတီးက ကမ္ဘာအကောင်းဆုံး အသင်းပဲလို့ ယုံပါတယ်။ ဒါပေမယ့် သူတို့အသင်းမှာ တစ်ခုခု လိုနေသလို ခံစားရတယ်။ ကျနော်တို့ ကြည့်ရမှာပေါ့။ နှစ်တိုင်းမှာ မန်စီးတီးက ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ အရမ်းကို ဖိအားများလှတာကို တွေ့ရပါတယ်။

ပရီးမီးးယားလိဂ်မှာတော့ သူတို့က ဘုန်းမောက်လို အသင်းကို အပတ်တိုင်း ၅-၀ နဲ့ နိုင်နေပေမယ့် ချန်ပီယံလိဂ်မှာတော့ သူတို့ရဲ့ ကစားဟန်က သူတို့ကို ထိခိုက်နေစေတယ် ထင်ပါတယ်။

ဟာလန်းကို ရလိုက်တာက သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှုဖြစ်ပြီး သူက ထိပ်တန်း တိုက်စစ်သမားပါ။ မန်စီးတီးမှာ ဖြစ်လာနိုင်တဲ့ ပြဿနာက စတာလင်နဲ့ ဂျေးဆုတို့ မရှိတော့တာပါပဲ။

ဇင်ချန်ကိုပါ မရှိတော့တာမို့ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ အဓိက ကစားသမား ၃ ဦးကို လက်လွတ်ထားရတာ ဖြစ်ပါတယ်။ ၂၀၂၀ ဖီဖာ ကမ္ဘာဖလားကြောင့် အသင်းတွေက ပိုကြီးတဲ့ လူစာရင်းရှိနေဖို့ မစဉ်းစားကြပါဘူး။

ဒီရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ မန်စီးတီးက ရေပန်းအစားဆုံးလို့ ကျနော် ရွေးပါမယ်။ နှစ်တိုင်း ဂွာဒီယိုလာနဲ့အတူ သူတို့တွေ အားလုံးကို အောင်မြင်ပေမယ့် ချန်ပီယံလိဂ်ကတော့ သူတို့အတွက် မလွယ်လှပါဘူး ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။