ဟာလန်း၊ နူးနပ်တို့နဲ့ ပတ်သက်လို့ နှိုင်းယှဉ်ပေးဖို့ တောင်းဆိုခံရခြင်းကို ကလော့ပ်ရဲ့ တုန့်ပြန်မှု

ဒီနွေဈေးကွက်မှာ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ နံပါတ် ၉ တိုက်စစ်သမား အသစ်တွေကို အသီးသီး ခေါ်ယူခဲ့ကြပါတယ်။

လီဗာပူးက ဟာလန်းအတွက် ပေါင် ၈၅ သန်း သုံးခဲ့သလို မန်စီးတီးကလည်း ကလပ်ရဲ့ အမြင့်ဆုံး လုပ်ခရှင်ထဲက တစ်ီးအဖြစ် ဟာလန်းကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းနီးပါး ပေးပြီး ခေါ်ယူခဲ့တာပါ။ သူတို့ နှစ်ဦးဟာ အသက်အားဖြင့် ၁ နှစ်ပဲ ကွာကြတဲ့ အရွယ်တူ တိုက်စစ်သမားတွေဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့က ပရီးမီးယားလိဂ်ဖလားကို အဓိက စိန်ခေါ်နေတဲ့ အသင်းတွေဖြစ်လို့ ဒီတိုက်စစ်သမား နှစ်ဦးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နှိုင်းယှဉ်ပေးဖို့ တောင်းဆိုခြင်းတွေ ရှိလာခဲ့ပါတယ်။

ကလော့ပ်ကပဲ “ တစ်ယောက်က ဘယ်သန်၊ တစ်ယောက်က ညာသန်လေဗျာ” ဆိုပြီး သူ့ကို မေးမြန်းနေတဲ့ နော်ဝေရဲ့ ကျော်ကြားတဲ့ တိုက်စစ်မှူးဟောင်း Jan Aage Fjortoft ကို ရယ်ရယ်မောမောနဲ့ မှတ်ချက်ပေးပါတယ်။

“ တစ်ယောက်က နော်ဝေ၊ တစ်ယောက်က ဥရုဂွေးလေ။ သူတို့က တော်တော်လေးကို မတူညီတဲ့ တိုက်စစ်သမားတွေပါ။ နှိုင်းယှဉ်မှုကို ပိုပြီး အားကောင်းစေဖို့အတွက် ဆိုရင် ဟာလန်းကလည်း တောင်အမေရိကကနေ လာတဲ့သူ ဖြစ်သင့်တယ်လို့ ထင်မိတာပါပဲ။

ဒါဝင်ကတော့ နော်ဝေကလာတဲ့သူ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆို နော်ဝေ တိုက်စစ်သမားတွေရဲ့ ပုံစံက နည်းနည်းရူးလောက်စရာပါပဲ (စိတ်ဓါတ်ပိုင်း ပြင်းထန်ကြတာကို ဆိုလို)။ အကောင်းဆုံးနဲ့ ပတ်သက်ပြီး မင်းကော ဘယ်လိုထင်လဲ ” ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်က တိုက်ရိုက်ကျတဲ့ နှိုင်းယှဉ်ပေးမှုတွေကို မလုပ်ခဲ့ပေမယ့် သူကပဲ ‘ဟာလန်းက သိပ်ကောင်းတဲ့ တိုက်စစ်သမား ‘ လို့ ချီးကျူးခဲ့သလို ‘ နှစ်သက်ရတဲ့ တိုက်စစ်သမားဖြစ်ပါတယ် ‘ လို့ ဝန်ခံသွားခဲ့ပါတယ်။

ယာဂင်ကလော့ပ်ဟာ ဖိအားများတဲ့ မေးခွန်းမျိုးတွေကို အခုလိုပဲ ရယ်ရယ်မောမော ဖောက်ထွက်လေ့ရှိပါတယ်။ လာမယ့်ရာသီမှာတော့ နူးညက်စ်နဲ့ ဟာလန်းကြား နှိုင်းယှဉ်မှုတွေ ရှိလာမှာဖြစ်ပြီး ဘယ်တိုက်စစ်သမားက ပိုများတဲ့ သွင်းဂိုး ရယူနိုင်မလဲ စောင့်ကြည့်နေကြတော့မှာပဲ ဖြစ်ပါတယ်။