လီဗာပူး Vs မန်စီးတီး ကွန်မြူနတီဒိုင်း ပွဲစဉ် ပြင်ဆင်မှု၊ ဒဏ်ရာရများနဲ့ ပွဲကြို သုံးသပ်ချက်
ဒီတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ်ကို စတင်ကြိုဆိုမဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင် ကစားကြတော့မှာပါ။ ဒီတလော နှစ်တွေ အတွင်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး နှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံနေတာက ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ပို အသက်ဝင်နေစေပါတယ်။
မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ကွန်မြူနတီဒိုင်း အောင်မြင်မှုနဲ့တော့ အနည်းငယ် အလှမ်းဝေးနေပါတယ်။ မန်စီးတီးဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ကွန်မြူနတီဒိုင်းဆုနဲ့ ဝေးကွာနေပြီးလီဗာပူးကတော့ ကွန်မြူနတီဒိုင်း မရတာ (၁၆) နှစ်လောက်ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်က နောက်ဆုံးရခဲ့တာပါ။
ရာသီကြို ပြင်ဆင်မှုမှား
မန်စီးတီးက ရာသီကြိုမှာ အမေရိကမှာ ခြေစမ်းပွဲနှစ်ပွဲကစားထားခဲ့ပြီး ကလပ်အမေရိကနဲ့ ဘိုင်ယန်တို့ နှစ်ပွဲစလုံး အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန် နဲ့ ပွဲကလည်း ရာသီဥတုအခြေအနေဆိုးရွားခဲ့လို့ မန်စီးတီးနဲ့ဟာလန်းတို့ရဲ့ စစ်မှန်တဲ့ ခြေစွမ်းကို အပြည့်အဝမြင်တွေ့ရခြင်း မရှိသေးဘူးလို့ ဆိုရမှာပါ။ မန်စီးတီးအတွက် ပွဲထွက်ြ့ပီး ၁၀ မိနစ်မှာတင် ဂိုးရခဲ့တဲ့ ဟာလန်းရဲ့ဂိုးလာဘ်နဲ့ နေရာယူမှုအပိုင်းကတော့ အားရစရာပါ။
ရာသီကြိုမှာ မန်စီးတီးအတွက် သိသိသာသာ တိုးတက်လာတာကတော့ ဂရီးလစ်ရှ်ပါ။ ကစားခဲ့တဲ့ နှစ်ပွဲလုံး ဂရီးလစ်ရှ်ရဲ့ စွမ်းဆောင်ရည်က ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးပိုမြင့်ခဲ့ပြီး ကီဗင်ဖီလစ်ကိုခေါ်ထားလို့နောက်တန်းကလည်း ပိုမိုတောင့်တင်းသွားတာ တွေ့ရပါတယ်။ မန်စီးတီးရဲ့ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကတော့ ပြောစရာမလိုအောင် တောင့်တင်းပြီးသားဖြစ်နေပါပြီ။
လီဗာပူး က ဒီ နွေရာသီမှာ ထိုင်း၊ စင်ကာပူ၊ ဂျာမနီ၊ သြစတြီးယားတို့ကို ခြေဆန့်ပြီး ရာသီကြို ပြင်ဆင်မှုတွေ ပြုလု်ပထားပါတယ်။ လီဗာပူးတို့ ရာသီကြို (၄) ပွဲကစားခဲ့ရာမှာ (၂)ပွဲ အနိုင်ရရှိခဲ့ပြီး (၂) ပွဲ အရေးနိမ့်ခဲ့ပါတယ်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဆဲလ်ဘတ်နဲ့ပွဲမှာတော့ လီဗာပူးရဲ့ခြေစွမ်း လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ လူစုံတက်စုံ ခင်းကျင်းခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ပွဲမှာ လီဗာပးူရဲ့ခြေစွမ်း အားရစရာကောင်းခဲ့ပြီး တိုက်စစ်မှူး နူနက်ဇ်လည်း တစ်ပွဲတည်း ၄ ဂိုး အထိသွင်းနိုင်ခဲ့ပါတယ်။
ရာသီကြိုခြေစမ်းပွဲတွေကို လေ့လာကြည့်မယ်ဆိုရင် လီဗာပူးတိုက်စစ်က ဆာလတ်၊ နူနက်ဇ်တို့တိုက်ရိုက်အချိုးကျနေတဲ့ပုံစံမျိုးပါ။ သူတို့နှစ်ယောက် ရုန်းကန်ရပြီး ဂိုးသွင်းခြေ မတွေ့ရင် လီဗာပူး တိုက်စစ် ရုန်းကန်ရတတ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအနေနဲ့ တိုက်စစ်မှာ ဒီယက်ဇ်၊ နူနက်ဇ်၊ ဆာလတ်တို့ တွဲနဲ့ပဲ ပွဲထွက်လာဖွယ် ရှိနေပြီး လူစုံတက်စုံနီးပါး ပါလာမှာဖြစ်လို့ လိုက်ပ်ဇစ်ပွဲက စွမ်းရည်မျိုးက မျှော်လင့်နိုင်ပါတယ်။
ဒဏ်ရာရ ပွဲပယ်
ဒီပွဲမှာ မန်စီးတီးက လူစုံတက်စုံနဲ့ပွဲထွက်နိုင်မှာဖြစ်ပြီး လီဗာပူးဘက်မှာတော့ ဂျိုတာ၊ ချိန်ဘာလိန်၊ ကိုစတက်၊ ဂိုးက အယ်လစ်ဆန်၊ ကယ်လယ်ဟာ တို့လို အရေးပါတဲ့ ကစားသမားတွေ လွဲချော်ဖို့ ရှိနေပါတယ်။
ပွဲချိန်နဲ့ သုံးသပ်ချက်
ပွဲချိန်ကတော့ လာမယ့် ဇူလိုင် ၃ဝ ရက်၊ စနေနေ့၊ ည ၁ဝး၃ဝ နာရီမှာပါ။
ရာသီကြိုခြေစွမ်းတွေအရ နှစ်သင်းစလုံးက အားရစရာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲတွေမှာ ပြင်ဆင်မှု ပိုအားကောင်းပြီး အတွေ့အကြုံရှိတဲ့ မန်စီးတီးကိုပဲ ရွေးချယ်ချင်ပါတယ်။ ရာသီကြိုနန်းလုပွဲမှာ ကွန်မြူနတီ သရဖူက မန်ချက်စတာမြို့ထဲ ဆိုက်ရောက်မှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ် : မန်စီးတီး ၂-၁ လီဗာပူး