မစိုးရိမ်ပါဘူး နောက်တစ်ခါဆို ဟာလန်းထံက မြင်ရတော့မှာ သွင်းဂိုးပဲလို့ ဂွာဒီယိုလာ ယုံကြည်

ကွန်မြူနတီဒိုင်းပွဲအဖြစ် လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ပွဲချိန်ပြည့် ပါဝင်ခဲ့ပေမယ့် လွဲချော်မှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတဲ့ ဟာလန်းနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက သူ့ရဲ့ ယုံကြည်မှုတွေကို ပြောပြခဲ့ပါတယ်။

ဂွာဒီယိုလာက ” အာလင်းမှာ ဂိုးသွင်းခွင့်တွေ ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ကြိမ် ၊ ၃ကြိမ်လောက် ရခဲ့ပြီး ၊ ပွဲပြီးခါနီးမှာ ၁ကြိမ် ရခဲ့ပါတယ် ။ ဂိုးသွင်းနိုင်ဖို့ အတွက် အမြဲတမ်း သူ ရှိနေတတ်ပါတယ် ။ သူဟာ ရွေ့လျားမှုများစွာ လုပ်ခဲ့ပြီး ၊ အသင်းအတွက် ကြိုးစား တိုက်ပွဲဝင်ခဲ့ပါတယ် ။

သူ့အတွက် မတူညီတဲ့ နိုင်ငံအသစ် ၊ မတူညီတဲ့ လိဂ်အသစ်မှာ လက်တွေ့ဆန်တဲ့ အရာတွေကို မြင်ခွင့်ရတာ ကောင်းပါတယ် ။ ဒီနေ့မှာ သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ၊ သူ့မှာ အံ့သြဖွယ် အရည်အသွေးကောင်း များစွာ ရှိတာကြောင့် လာမယ့် ပွဲတွေမှာ သူ ဂိုးသွင်းပါလိမ့်မယ် ။

အာလင်း အမေရိကန် ခရီးစဉ်က ခြေစမ်းပွဲတွေမှာ ဂိုးသွင်းခဲ့တဲ့အခါက လူတိုင်းဟာ သူ့ရဲ့ ခြေစွမ်း ဘယ်လောက်ထိ အထင်ကြီးစရာကောင်းတယ် ဆိုတာ ပြောခဲ့ကြပါတယ် ။ အဲဒီတုန်းကလည်း သူဟာ ဂိုးသွင်းဖို့ အသင့်ရှိခဲ့ပြီး ၊ အခွင့်အရေးတွေလည်း ရခဲ့ပါတယ် ။ အခုလိုမျိုးပေါ့ ။

ဘာမှမပြောင်းလဲသွားပါဘူး ။ သူဟာ သန်မာပြီးသားပါ ။ နောက်တခါဆို သူ ဂိုးပိုက်ထဲ ဝင်အောင် သွင်းပြပါလိမ့်မယ် ။ ဒါက ဘောလုံးပါ ။ ဒီနေ့မှာ သူ့ရဲ့ သွင်းဂိုး တဂိုး ပယ်ဖျက်ခံခဲ့ရပါတယ် ။ ဒါကလည်း ဘောလုံးက ကွင်းစည်းကျော်သွားတာကြောင့် ဖြစ်ပါတယ် ။

တခါတလေမှာ အခုလို အခြေအနေမျိုးနဲ့ ကြုံလာရတဲ့အခါ ဘာတွေ ဆက်လုပ်ဖို့ လိုသလဲ ဆိုတာကို နားလည်ရတာ ကောင်းပါတယ် ။ ကျွန်တော် သူနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်ပူပန်ခြင်း မရှိပါဘူး ။ အမှန်တရား တရပ်က ကျွန်တော်တို့ဟာ နောက်ထပ် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ၁၁လတာ အချိန်ကို ကျော်ဖြတ်ရဦးမယ် ဆိုတာပါပဲ ။

ကာတာ ကမ္ဘာ့ဖလား ရှိနေတဲ့အပြင် ၊ ၃ရက် တပွဲနှုန်း ကစားရမှာ ဖြစ်တာကြောင့် သူ ကျွန်တော်တို့ကို သေချာပေါက် အကူအညီ ပေးပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီး ဟာ လာမယ့် အပတ်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ဝက်စ်ဟမ်း အသင်းနဲ့ စတင် ကစားရမှာ ဖြစ်ပါတယ်။