ဒီနွေမှာ စတာလင် ကို ရောင်းချလိုက်တဲ့ ဆုံးဖြတ်ချက် အပေါ် နားမလည်နိုင် ဖြစ်နေတဲ့ အဂူရို

မန်စီးတီးတိုက်စစ်မှူးဟောင်း အဂူရိုက စတာလင်ကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်ချက်စတာ စီးတီး အသင်းရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြောကြား လိုက်ပါတယ်။ အင်္ဂလန်သားဟာ စီးတီးအသင်းမှာ ကစားခဲ့တဲ့ ၇ နှစ်တာ ကာလကိုအဆုံးသတ်ပြီး ပေါင်သန်း ၅၀ နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ်။

စတာလင်ရဲ့ စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တဲ့ အနေအထားမှာ ဂွါဒီယိုလာကလည်း ပွဲထွက်ခွင့် အာမခံချက် မပေးနိုင်တော့ တာကြောင့် အခုလို ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဇင်ချန်ကို နဲ့ ဂျီးဆပ်စ်တို့ကိုလည်း အာဆ်နယ်အသင်းထံ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ လက်ရှိ အချိန်မှာ ပိုတောင့်တင်းလာခဲ့ပြီး စတာလင်ကလည်း ချဲလ်ဆီးအသင်းမှာ တောက်ပလာဖွယ် ရှိနေပါတယ်။

အဂူရိုက စတာလင်ကို ရောင်းချခဲ့တဲ့ မန်စီးတီး အသင်းရဲ့ လုပ်ရပ် အပေါ် ထူးဆန်းတဲ့ဆုံးဖြတ်ချက်လို့ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

“စတာလင်ကို ရောင်းချခဲ့တဲ့အပေါ် ကျွန်တော် နားမလည်နိုင်ဖြစ်ရပါတယ်။ မန်စီးတီးက ဒီလိုမျိုးထူးဆန်းတဲ့ ဆုံးဖြတ်ချက်တွေ လုပ်လေ့ ရှိပါတယ်” လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ အခုနွေရာသီမှာ တိုက်စစ်ပိုင်းကို ဟာလန်း ၊ အယ်လ်ဗာရက်ဇ်တို့နဲ့ ပြန်လည်အားဖြည့်ထားကာ နောက်တန်းနေရာ အတွက် ကူကူရယ်လာကိုလည်း ချိတ်ဆက်နေပါတယ်။

Zawgyi

မန္စီးတီးတိုက္စစ္မႉးေဟာင္း အဂူ႐ိုက စတာလင္ကိုေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တဲ့ မန္ခ်က္စတာ စီးတီး အသင္းရဲ႕ ဆုံးျဖတ္ခ်က္ကို ေဝဖန္ေျပာၾကား လိုက္ပါတယ္။ အဂၤလန္သားဟာ စီးတီးအသင္းမွာ ကစားခဲ့တဲ့ ၇ ႏွစ္တာ ကာလကိုအဆုံးသတ္ၿပီး ေပါင္သန္း ၅၀ နဲ႔ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ သြားခဲ့တာ ျဖစ္ပါတယ္။

စတာလင္ရဲ႕ စာခ်ဳပ္သက္တမ္းက ၁ ႏွစ္သာ က်န္ေတာ့တဲ့ အေနအထားမွာ ဂြါဒီယိုလာကလည္း ပြဲထြက္ခြင့္ အာမခံခ်က္ မေပးႏိုင္ေတာ့ တာေၾကာင့္ အခုလို ေရာင္းခ်ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ဇင္ခ်န္ကို နဲ႔ ဂ်ီးဆပ္စ္တို႔ကိုလည္း အာဆ္နယ္အသင္းထံ လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းဟာ လက္ရွိ အခ်ိန္မွာ ပိုေတာင့္တင္းလာခဲ့ၿပီး စတာလင္ကလည္း ခ်ဲလ္ဆီးအသင္းမွာ ေတာက္ပလာဖြယ္ ရွိေနပါတယ္။

အဂူ႐ိုက စတာလင္ကို ေရာင္းခ်ခဲ့တဲ့ မန္စီးတီး အသင္းရဲ႕ လုပ္ရပ္ အေပၚ ထူးဆန္းတဲ့ဆုံးျဖတ္ခ်က္လို႔ မွတ္ခ်က္ျပဳခဲ့တာျဖစ္ပါတယ္။

“စတာလင္ကို ေရာင္းခ်ခဲ့တဲ့အေပၚ ကြၽန္ေတာ္ နားမလည္ႏိုင္ျဖစ္ရပါတယ္။ မန္စီးတီးက ဒီလိုမ်ိဳးထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္ေတြ လုပ္ေလ့ ရွိပါတယ္” လို႔ အဂူ႐ိုက ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးဟာ အခုေႏြရာသီမွာ တိုက္စစ္ပိုင္းကို ဟာလန္း ၊ အယ္လ္ဗာရက္ဇ္တို႔နဲ႔ ျပန္လည္အားျဖည့္ထားကာ ေနာက္တန္းေနရာ အတြက္ ကူကူရယ္လာကိုလည္း ခ်ိတ္ဆက္ေနပါတယ္။