ဂိုးပြတ်မယ်ဆိုတဲ့ ဝက်ဟမ်းနဲ့ မန်စီးတီး ပွဲစဉ်အတွက် ဘီဘီစီရဲ့ ပွဲကြို ခန့်မှန်းချက်

၂၀၂၂-၂၃ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဘောလုံးရာသီသစ်ကတော့ ဒီတပတ်မှာ စတင်ပြီ ဖြစ်ပါတယ်။ ရာသီသစ် စတင်တာနဲ့အတူ ပွဲစဉ်တွေအတွက် ပွဲကြို ခန့်မှန်းတွေလည်း ထွက်ပေါ်လာပါပြီ။

ဘီဘီစီရဲ့ ပင်တိုင် သုံးသပ်သူအဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဟောင်းလည်းဖြစ် တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ခရစ်ဆန်တန်က ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။

West Ham United vs Manchester City

ပွဲချိန်။ ။ သြဂုတ် ၇ ရက်၊ တနင်္ဂနွေနေ့ ည ၁ဝ နာရီ

ဝက်ဟမ်းဟာ ဆူဆိုလိုအိုက တိုက်စစ်မှူး စကာမာကာကို ခေါ်ယူထားတယ်။ ဒါပေမယ့် သူက ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းကို မမြင်ဖူးသေးပါဘူး။ ဝက်ဟမ်းနဲ့ ပက်သက်ပြီး ကျနော်ရဲ့ စိတ်ပူမှုက ခံစစ်ပိုင်းမှာ ဖြစ်ပါတယ်။ သူတို့ခံစစ်မှာ ဒဏ်ရာပြဿနာတွေပါ ရှိနေတယ်။

မနှစ်က ရာသီအကုန်ပိုင်းအတွင်း လန်ဒန်ကွင်းမှာ ၂-၂ သရေကျတဲ့ ပွဲစဉ်တုန်းကလို ဝက်ဟမ်းက မန်စီးတီးကို ပြဿနာတွေ ပေးနိုင်မယ်လို့ ကျနော်တော့ မမြင်ပါဘူး။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဖွင့်ပွဲမှာ မန်စီးတီးက ဝက်ဟမ်းကို ၅ ဂိုးပြတ်လောက် သွင်းဖူးပါတယ်။ ဒီတစ်ကြိမ်မှာလည်း စီးတီးတို့ ဂိုးပြတ်သွင်းဦးမယ် ထင်ပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ ဂွာဒီယိုလာရဲ့ အသင်းက လီဗာပူးကို ရင်ဆိုင်ပြီး ပုံစံကောင်း မပြနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ တိုးတက်လာမယ်လို့ မြင်ပါတယ်။ ဟာလန်းက သူ့ရဲ့ ပထမဆုံးဂိုး ရသွားမယ်လို့လည်း ထင်ပါတယ်။

ခရစ်ဆက်တန် ရလဒ်ခန့်မှန်း။ ။ West Ham 0-3 Man City