ခံစစ်ပိတ်ပြီး ဆုတောင်းတာပဲ လုပ်နေနိုင်မယ့် ဘုန်းမောက် အစရှိတဲ့ စီးတီးပွဲအတွက် ပွဲကြို သုံးသပ်ချက်
ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ မန်စီးတီးနဲ့ ဘုန်းမောက်ပွဲအတွက် နာမည်ကျော် ဗြိတိန်သတင်းဌာန Sky Sports မှ ဘောလုံးပွဲ ခန့်မှန်းသူ လူးဝစ် ဂျုံးစ်ရဲ့ သုံးသပ် ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Manchester City vs Bournemouth
ပွဲချိန်။ ။ သြဂုတ် ၁၃ ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီ။
မန်စီးတီးက အာလင်း ဟာလန်းကို ပိုင်ဆိုင်လိုက်တဲ့နောက် အညှာအတာမဲ့ သွင်းဂိုးတွေကို အဆုံးသတ်နိုင်ပြီ ဖြစ်ပါတယ်။ ပြိုင်ဘက် မန်နေဂျာတွေ အနေနဲ့တော့ ပက်ဂွာဒီယိုလာရဲ့ အသင်းကို ဘယ်လို ဒုက္ခပေးမလဲ ပြင်ဆင်ထားတဲ့ နည်းဗျူဟာတွေ ပြန် ပြင်ဆင်ရေးသားသင့်ပါပြီ။
ဒီတပတ် မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲမှာ ခံစစ်ကို ပိတ်ပြီး ဆုတောင်းနေဖို့ကပဲ စကော့ ပါကား ရဲ့ နည်းလမ်း ဖြစ်ပါတော့မယ်။
ဟာလန်းက ဒီပွဲမှာ နောက်ထပ် ၂ဂိုးလောက် သွင်းပြီး စီးတီးက နိုင်ပွဲပြည့် မှတ်တမ်း ဆက်ယူသွားနိုင်မလား။ ဆရာကြီးတွေရဲ့ 99% က စီးတီး နိုင်ပွဲ လို့ ပြောကြမှာပါ။
ပက်ရဲ့ ကောင်လေးတွေကတော့ ဘောလုံးပွဲကို ခရစ်ကတ် ပွဲလို ဂိုးတွေ တသီကြီးမြင်အောင် ကန်မယ် လို့ မျှော်လင့်ရပါတယ်။
တခု သတိပြုမိစရာကတော့ စနေနေ့ မန်ချက်စတာ မှာ အပူချိန်က 32°C ရှိပါမယ်။ ရာသီဥတု ပူတဲ့ အချိန် ကစားသမားတွေရဲ့ အားထုတ်မှု အပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။
စကိုင်းစပေါ့ရဲ့ ခန့်မှန်းရလဒ်။ ။ Manchester City 3-0 Bournemouth