ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အဓိက ပြိုင်ဘက်ကို အသားစီ ရခဲ့ပြီဖြစ်တဲ့ မန်စီးတီး
မန်ချက်စတာစီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ၄-၀ ဖြင့် အနိုင်ရခဲ့ပေမယ့် ပြိုင်ဘက် လီဗာပူးကတော့ ဒီရာသီမှာ အခြေအနေ မကောင်းပါဘူး။
လီဗာပူးအသင်းဟာ ပဲလေစ့်ကို ယှဉ်ပြိုင်ကစားတဲ့ အန်ဖီးကွင်းကပွဲမှာ ၁-၁ ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ရာသီစ နှစ်ပွဲဆက်တိုက်ကို သရေရလဒ်ပဲ ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ရမှတ် ၄ မှတ်ထိ ကွာဟသွားခဲ့ပါပြီ။ မနှစ်ကရာသီတွေမှာ ဒီနှစ်သင်း ထိပ်တိုက်တွေ့ခဲ့စဉ် အခြေအနေတွေအရဆိုရင် လီဗာပူးအသင်းက အဆိုပါ ရလဒ်တွေကို လိုက်မှီဖို့ ဘောလုံးရာသီရှည်ကို ခက်ခဲစွာ ယှဉ်ပြိုင်သွားရဖို့ ရှိနေပြီဖြစ်ပါတယ်။
လီဗာပူးရဲ့ သရေပွဲတွေက မန်စီးတီးနဲ့ အမှတ်ပေးဇယား ယှဉ်ပြိုင်မှုကို ခက်ခဲစေခဲ့ပြီဆိုတာကို ကာရေဂါက ဝန်ခံစကား ပြောဆိုခဲ့တယ်။
ကာရေဂါက “ ရမှတ် အနေအထားအရ ကြည့်မယ်ဆိုရင် ဆိုးရွားတဲ့ ရာသီစပါပဲ။ ဒါပေမယ့် ဒီညမှာ လီဗာပူးက ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ၁၀ ယောက်ကျန် အနေအထားမှာ အသင်းရဲ့ တုန့်ပြန်ပြမှု အနေအထားပေါ့။
မန်စီးတီးနဲ့ ကွာဟချက်က သိပ်ကို ကြီးမားခဲ့ပြီဖြစ်တာကြောင့် သရေကျတာတွေက ရှုံးနိမ့်လိုက် သလိုပါပဲ။ ရာသီစမှာတင် ၄ မှတ် ဖြတ်ခံထားရတယ်။ ဟုတ်ပါတယ် ဘောလုံးရာသီက အရှည်ကြီး သွားရဦးမှာပါ။
ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးကို လိုက်ဖမ်းဖို့ဆိုတာက ခက်ခဲပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။