နယူးကာဆယ် V မန်စီးတီးပွဲရဲ့ ဂိုးရလဒ်ကို ခန့်မှန်းသွားတဲ့ ပေါမာဆန်
ပရီးမီးယားလိဂ် ကတော့ အပတ်စဉ် ၃ သို့ ခပ်သွက်သွက်ပဲ ရောက်ရှိလာခဲ့ပါပြီ။ ဒီတပတ် ပွဲစဉ်အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Newcastle United vs Manchester City
ဒီရာသီ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်က တောင့်တင်းတဲ့ တာထွက်ကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီး အနိုင်ရလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ အတ်ဒီဟောင်က ကောင်တာတိုက်စစ်အတွက် ပလန်ချပြီး စီးတီးကို ခက်ခဲသွားအောင် လုပ်ပါလိမ့်မယ်။
ဒါပေမယ့် သူယှဉ်ပြိုင်ရမှာက ဂွာဒီယိုလာ ဖြစ်ပါတယ်။ သူတို့က ဘောလုံးရာသီကို ပြည့်စုံစွာ စတင်နိုင်ရေး အနိုင် ၃ မှတ် ရယူမှာပါ။
ဝက်ဟမ်းကို ရင်ဆိုင်တုန်းက ဟာလန်း တာထွက်ကောင်းခဲ့တယ်။ ဒါပေမယ့် ဘုန်းမောက်ပွဲမှာတော့ သူက ဘောလုံး ထိချက် ၈ ကြိမ်ပဲ ရခဲ့ပြီး တိကျတဲ့ ပေးပို့မှု ၂ ကြိမ်ပဲ လုပ်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်က ခက်ခဲပါတယ်။ ဒါပေမယ့် မန်စီးတီးအတွက် ဟာလန်း ဂိုးသွင်းနိုင်မှာကို ကျနော် သံသယမရှိပါဘူး။
နေရာလွတ်တွေထဲကို ပြေးလွှားခွင့်ရချိန်မှာ ဟာလန်းရဲ့ လျှင်မြန်လွန်းတဲ့ အရှိန်နဲ့ သူက မယုံနိုင်လောက်တဲ့ အဆုံးသတ်သူဆိုတာကို ဝက်ဟမ်းပွဲမှာ ကျနော်တို့ မြင်ထားပြီးပါပြီ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Newcastle United 1-2 Manchester City