တနင်္ဂနွေနေ့ နယူးကာဆယ် vs မန်စီးတီး ပွဲစဉ် တို့ အတွက် ဘီဘီစီမှ ဆက်တန်ရဲ့ သုံးသပ်ခန့်မှန်းချက်
ဘီဘီစီ သတင်းဌာနရဲ့ ပင်တိုင်သုံးသပ်သူ ဖြစ်လာတဲ့ ခရစ်ဆက်တန် က ဒီအပတ် နယူးကာဆယ် နဲ့ မန်စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ်ထားပါတယ်။
ဆက်တန်က – ” စိန့်ဂျိမ်းပါ့ခ် က ပရိသတ်တွေ ဝန်းရံမှုကြောင့် နယူးကာဆယ် ဟာ ကလမ် ဝီလ်ဆင် ဂိုးသွင်း နိုင်အောင် အခွင့်ရေးကောင်း 1-2 ကြိမ်တော့ ဖန်တီးပြနိုင်မယ် ထင်ပါတယ်။
ကျနော် ကတော့ မန်စီးတီးပဲ အနိုင်ရမယ်လို့ မြင်တယ်ဗျာ။ သူတို့ဟာ အခုချိန်ထိကို အမှား တစ်ချက်မှ မလုပ်သေးပါဘူး။ ဘုန်းမောက်နဲ့ ပွဲမှာ ဟာလန်း အတွက် ဘောလုံးထိချက် တော်တော် နည်းခဲ့တယ် ဆိုပေမယ့် ဂွန်ဒိုဂန် အဖွင့်ဂိုး သွင်းနိုင်ဖို့ အတွက် အမှန်ကန် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ဘက်တွေ အနေနဲ့ ဟာလန်း ကို တားဆီးဖို့ အတွက်ပဲ အာရုံစိုက်နေမယ် ဆိုရင် ၊ အခြား တိုက်စစ် ကစားသမားတွေ အတွက် နေရာလွတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီအနေအထားမှာလဲ မန်စီးတီး က ဘယ်လောက် အန္တရာယ်ကြီးတယ် ဆိုတာ ကျနော်တို့ အားလုံး သိထားပြီးပါပြီ။ ” လို့ သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်း ပွဲရလဒ်ကတော့ နယူးကာဆယ် 1-3 မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁ဝ နာရီ မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

Zawgyi
ဘီဘီစီ သတင္းဌာနရဲ႕ ပင္တိုင္သုံးသပ္သူ ျဖစ္လာတဲ့ ခရစ္ဆက္တန္ က ဒီအပတ္ နယူးကာဆယ္ နဲ႕ မန္စီးတီး ပြဲစဥ္ အတြက္ အခုလို သံုးသပ္ထားပါတယ္။
ဆက္တန္က – ” စိန႔္ဂ်ိမ္းပါ့ခ္ က ပရိသတ္ေတြ ဝန္းရံမႈေၾကာင့္ နယူးကာဆယ္ ဟာ ကလမ္ ဝီလ္ဆင္ ဂိုးသြင္း ႏိုင္ေအာင္ အခြင့္ေရးေကာင္း 1-2 ႀကိမ္ေတာ့ ဖန္တီးျပႏိုင္မယ္ ထင္ပါတယ္။
က်ေနာ္ ကေတာ့ မန္စီးတီးပဲ အႏိုင္ရမယ္လို႔ ျမင္တယ္ဗ်ာ။ သူတို႔ဟာ အခုခ်ိန္ထိကို အမွား တစ္ခ်က္မွ မလုပ္ေသးပါဘူး။ ဘုန္းေမာက္နဲ႔ ပြဲမွာ ဟာလန္း အတြက္ ေဘာလုံးထိခ်က္ ေတာ္ေတာ္ နည္းခဲ့တယ္ ဆိုေပမယ့္ ဂြန္ဒိုဂန္ အဖြင့္ဂိုး သြင္းႏိုင္ဖို႔ အတြက္ အမွန္ကန္ ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။
ၿပိဳင္ဘက္ေတြ အေနနဲ႔ ဟာလန္း ကို တားဆီးဖို႔ အတြက္ပဲ အာ႐ုံစိုက္ေနမယ္ ဆိုရင္ ၊ အျခား တိုက္စစ္ ကစားသမားေတြ အတြက္ ေနရာလြတ္ေတြ ေပၚလာပါလိမ့္မယ္။ ဒီအေနအထားမွာလဲ မန္စီးတီး က ဘယ္ေလာက္ အႏၲရာယ္ႀကီးတယ္ ဆိုတာ က်ေနာ္တို႔ အားလုံး သိထားၿပီးပါၿပီ။ ” လို႔ သံုးသပ္ထားပါတယ္။
ခရစ္ဆက္တန္ရဲ႕ ခန္႔မွန္း ပြဲရလဒ္ကေတာ့ နယူးကာဆယ္ 1-3 မန္စီးတီး ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ မနက္ျဖန္ တနဂၤေႏြေန႔ ည ၁ဝ နာရီ မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။
