ရိုဒရီ၊ ဖာဘင်ညို၊ ဖီးလစ်တို့ ၃ ဦးထဲမှာ ဘယ်သူအကောင်းဆုံးလဲ သုံးသပ် ရွေးထုတ်

ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျေမီရက်နပ်နဲ့ မီကာရစ်ချတ်တို့ဟာ အကောင်းဆုံးအသင်းအကြောင်း ဆွေးနွေးကြရင်း ရိုဒရီနဲ့ ကယ်ဗင်ဖီးလစ်တို့အပေါ် သူတို့ရဲ့ အမြင်တွေကို ဖော်ပြရာမှာ သဘောထားတူညီခြင်း မရှိခဲ့ကြဘဲ စကားများခဲ့ကြပါတယ်။

လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းပေါင်း အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ရာမှာ ကွင်းလယ်ခံစစ် နေရာအတွက် ရိုဒရီ၊ ဖီးလစ်၊ ဖာဘင်ညို တို့ထဲက တစ်ဦးကို ရွေးချယ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဖာဘင်ညိုက ဒီစာရင်းထဲ ပါဝင်သင့်တယ်လို့ ရက်နပ်က ပြောဆိုခဲ့ပေမယ့် ရစ်ချတ်က စီးတီးရဲ့ ရိုဒရီကို ထည့်သွင်းချင်ခဲ့ပါတယ်။

ကွင်းလယ်လူဟောင်း ရက်နက်ကပဲ မန်စီးတီး ကစားသမားသစ် ဖီးလစ်ဟာ ရိုဒရီထက် ပိုကောင်းတဲ့ ဘောလုံးပေးပို့သူဖြစ်ကြောင်း ယုံကြည်နေတာကြောင့် ဘယ်သူ အကောင်းဆုံးလဲ ဆိုတာကို နှစ်ယောက်သား အကျိတ်အနယ် အငြင်းအခုံ ဖြစ်ခဲ့ကြတာပါ။

ကယ်ဗင်ဖီးလစ်ကို ထည့်ဆွေးနွေးသင့်တယ်လို့ ရက်နပ်က ပြောဆိုခဲ့တာကို ရစ်ချတ်က “ သူက တူညီတဲ့ အဆင့်အတန်းမှာ မရှိသေးပါဘူး။ ကျွန်တော်တော့ ဖီးလစ်ကို မထည့်ဘူး။ သူက ရိုဒရီနဲ့ ဖာဘင်ညိုထက် ပိုကောင်းတယ်လို့ ကျွန်တော် မထင်ဘူး ” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ရက်နပ် “ ဒါပေမယ့် ကျွန်တော်ပြောမယ်။ သူက ဖာဘင်ညိုနဲ့ ရိုဒရီထက် ပိုကောင်းတဲ့ ဘောလုံးပေးပို့သူပဲ။ ဘောလုံးကိုင်တွယ်တဲ့ အပိုင်းမှာပေါ့။”

ရစ်ချတ် “ ရိုဒရီထက် ပေးပို့တာ ပိုကောင်းတယ်လား။ ”
ရက်နပ် “ ခင်ဗျားက လှောင်တာလား။”
ရစ်ချတ် “ ခင်ဗျားရော သရော်နေတာလား။”

ရက်နပ် “ ဘာ။ ရိုဒရီက ဖီးလစ်ထက် ဘောလုံးပေးတာ ပိုကောင်းတယ်လို့ ထင်နေတာလား။ အံ့ဩစရာပဲ။ ဆက်မပြောတော့ဘူး ကျွန်တော် သွားတော့မယ်။ ကျွန်တော် ထွက်သွားတော့မယ်။”

ရစ်ချတ် “ ဖီးလစ်က ရိုဒရီထက် ပိုကောင်းတယ်လို့ ခင်ဗျား ထင်တယ်ပေါ့လေ။”

ရက်နပ် “ ရာနှုန်းပြည့်ပဲပေါ့။ ရိုဒရီက ကောင်းတယ်ဆိုရုံ ရိုးရိုးရှင်းရှင်းလေးပဲ။ ခင်ဗျား ကျွန်တော့်ကို လာဆွနေတာလား။ ”

ရစ်ချတ် “ ခင်ဗျားရော ကျွန်တော့်ဒေါသကို လာဆွနေတာလား။ ”

ရက်နပ် “ နိုး။ ခင်ဗျားကသာ ကျွန်တော့်ကို လာဆွနေတာ။ ဖီးလစ်က ဒီနှစ်တွေမှာ ကျွန်တော်တို့ ထုတ်လုပ်ခဲ့တဲ့ အသန့်ရှင်းဆုံး ကစားသမားတစ်ယောက်ပဲ။”

ရစ်ချတ် “ ကိုက် ၄၀ ကန့်လန့်ဖြတ် ဘောလုံးပေးတာဆိုရင် ဟုတ်ချင်ဟုတ်မှာပေါ့။ ကျွန်တော်က ဝိုက်ပေးတာကို ပြောနေတာဗျ။ ”

ရက်နပ် “ ဘယ်သူမဆို အဲ့လိုလုပ်နိုင်ပါတယ်။ ခြေထောက်ကောင်းကောင်း အသုံးချနိုင်ရင် အဲ့ဒါက အခြေခံလေးတွေပါပဲ။ ဘောလုံး လှမ်းတင်တာ၊ တိုက်စစ်ဆင်တာ၊ ဘယ်နောက်တန်းမှာ ဘောလုံးလက်ခံရယူပြီး ညာဘက်ခြမ်းကို ကန်တာတွေလေ။ ”

ရစ်ချတ် “ ဖီးလစ်က ကျွန်တော်တို့အသင်းက ကစားသမားပါ။ ဒါပေမယ့် သူက ရိုဒရီထက်တော့ ဘောလုံးပေးတာ ပိုမကောင်းပါဘူး ” ဆိုပြီး အခြေအတင် ပြောဆိုခဲ့ကြတာပါ။

သူတို့ရဲ့ ကွင်းလယ်ရွေးချယ်မှုထဲမှာ ဒီဘရိုင်းလည်း ပါဝင်ခဲ့ပြီး ဘာနာဒိုဆေးဗားနဲ့အတူ နံပါတ် ၈ နေရာတွေမှာ သတ်မှတ်ခံခဲ့ရပါတယ်။ တချိန်မှာတော့ ဒီဘရိုင်းဟာ စတီဗင်ဂျရတ်၊ ဖရန့်လမ်းပတ်၊ ရွိုင်ကိန်းတို့ထက် ပိုကောင်းပြီး သမိုင်းမှာ အကောင်းဆုံး ပရီးမီးယားလိဂ် ကွင်းလယ်လူ ဖြစ်လာလိမ့်မယ်လို့ ရက်နပ်က ယုံကြည်နေတာပါ။

ရစ်ချတ်ကလည်း “ သူက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပဲ။ သူက ပရီးမီးယားလိဂ်မှာ ထာဝရအကောင်းဆုံးလို့ ကျွန်တော်တို့ ပြောရလိမ့်မယ် ထင်တယ်” ဆိုပြီး တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။