ဒီဘရိုင်းကို ကြမ်းခဲ့တာ အသင်းနိုင်စေချင်လို့ ဖြစ်သွားတာပါ လို့ ပွဲအပြီးမှာ ထရစ်ပီယာ တောင်းပန်

နယူးကာဆယ် နောက်ခံလူ ထရစ်ပီယာ က စီးတီး ကွင်းလယ် ဒီဘရိုင်းကို ခပ်ကြမ်းကြမ်း ဖြတ်ထုတ်မှု ပြုလုပ်ခဲ့ပေမယ့် သူ့ အနေနဲ့ပြိုင်ဘက်ကစားသမားအပေါ် နာကျင်လိုတဲ့စိတ် မရှိကြောင်း မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောကြားလာခဲ့ပါတယ်။

တဖက် သုံးဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ ထရစ်ပီယာကလည်း နယူးကာဆယ်အတွက် သွင်းဂိုးတဂိုးကို ဖရီးကစ်ကတဆင့် ဂိုး သွင်းယူခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီပွဲရဲ့ ပွဲကစားချိန်နှောင်းပိုင်းမှာ မန်စီးတီးတို့ တန်ပြန်တိုက်စစ်စတင်ဖို့ ကြိုးစားချိန်မှာ ဒီဘရိုင်းကို ထရစ်ပီယာ က ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ထုတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ထရစ်ပီယာကို ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

VAR ပြန်ကြည့်ပြီးတဲ့နောက်မှာတော့ ကွင်းလယ်ဒိုင်က ထရစ်ပီယာကို အဝါကတ်သာ ပြန်လည်ပြသခဲ့ပါတယ်။ ထရစ်ပီယာ ဟာ နောက်ဆုံးခံစစ်မှူး အနေနဲ့ ဒီဘရိုင်းကို ဖျက်ထုတ်ခဲ့တာ မဟုတ်ပါဘူး။

ကွင်းလယ်စည်းနားမှာ ဗျူဟာမြောက်ပြစ်ဒဏ်ဘော ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့နောက်မှာလည်း အခြားသော နယူးကာဆယ် ကစားသမားတွေ ကျန်ရှိပါသေးတယ်။ ဒါပေမယ့် ထရစ်ပီယာရဲ့ ကစားပုံက အရှိန်နဲ့ပြေးထွက်သွားတဲ့ ဒီဘရိုင်းကို ကြမ်းတမ်းခဲ့တာတော့ အမှန်ပါပဲ။

ပွဲအပြီးမှာ ထရစ်ပီယာက “ကျနော့် အသင်းအတွက် အရာအားလုံး ပေးဆပ်ခဲ့တာပါ။ ဒါပေမယ့် ကျနော် ဘယ်သူ့ကိုမှ ဒဏ်ရာ ရလိုစိတ်မရှိပါဘူး။ ကျနော် ဒီဘရိုင်းကိုလည်း ပြန်တောင်းပန်ခဲ့ပါတယ်”

“ဒါပေမယ့် ကျနော် နိုင်ချင်ခဲ့တာ မှန်ပါတယ်။ အခြားကစားသမားတွေကိုလည်း နာကျင်လိုစိတ်မရှိဘဲ ဒိုင်လူကြီးကလည်း အခြေအနေကို ပြန်ပြောင်းပေးခဲ့ပါတယ်။ ကျနော်တို့ရဲ့ စိတ်ဓာတ်လှုံ့ဆော်မှုက ချန်ပီယံလိဂ်ဝင်ခွင့်ပါ”

“ဒီအတွက် ကျနော်တို့ ဒီနေရာမှာရှိနေပြီး အချိန်တိုအတွင်း ကြီးမားတဲ့ ခြေလှမ်းကို လှမ်းနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။