လီဗာပူး က မန်စီးတီး အသင်း နောက်မှာ မိုင်တစ်သန်းလောက် ပြတ် ကျန်ခဲ့ပြီ လို့ ကာရေဂါ သုံးသပ်

လီဗာပူး အသင်း ဂန္တဝင်ကစားသမား ကာရေဂါက မန်ယူနဲ့ ပွဲအပြီးမှာ သူ့အသင်းဟောင်းကို အပြစ်တင်လိုက်ပြီး လက်ရှိအချိန်မှာ လီဗာပူးက ပရီးမီးယားလိဂ်ထိပ်တန်းပြိုင်ဘက် မန်စီးတီးနဲ့ မိုင်တစ်သန်းလောက် အကွာအဝေးမှာ ပြတ် ကျန်ခဲ့ပြီလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

စကိုင်းစပေါ့ အစီအစဉ်မှာ လီဗာပူးဂန္တဝင်က အခုလို ပြင်းထန်စွာဝေဖန်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ်မှာ လီဗာပူးကတော့ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်တို့ကို သရေကျပြီး ယူနိုက်တက်ကို ရှုံးနိမ့် ခဲ့တာကြောင့် လက်ရှိအချိန်အထိ လိဂ်နိုင်ပွဲမရသေးပါဘူး။

ကာရေဂါက “လီဗာပူးက ဒါဘီပွဲစဉ်တစ်ခုအတွက် အဆင့်သင့်ဖြစ်မနေခဲ့ဘူး။ ဒါက ခွင့်မလွှတ်နိုင်စရာပဲ။ ဒါက ယာဂန်ကလော့ပ်ကို စိုးရိမ်မှုတွေ တိုးပွားစေမှာအမှန်ပဲ။

လီဗာပူးနဲ့ မန်းစီးတီးကြား ကွာဟမှုက ကြီးမားလာပြီဆိုတာ ခံစားမိနေပါတယ်။ မန်စီးတီးရဲ့ အရည်အသွေးကို သိနေလို့ပါ။ အခုအချိန်မှာ လီဗာပူးအနေနဲ့ မန်စီးတီးအကြောင်း မစဉ်းစားနိုင်သေးပါဘူး။ လီဗာပူးအနေနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ လိုအပ်နေပါတယ်။

မင်းတို့ သူတို့ဆီက မမျှော်လင့်ထားတဲ့ တကယ့်ကို ဆိုးရွားလှတဲ့ ရာသီသစ်စတင်မှုတစ်ခုနဲ့ သူတို့ စတင်ခဲ့တာပါ။ လီဗာပူးမှာ တကယ့်ကိုမြင့်မားတဲ့ ခြေစွမ်းအဆင့်အတန်းတစ်ခုရှိတယ်လို့ သတ်မှတ်ထားတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ မန်စီးတီးနဲ့ လီဗာပူးကြားမှာ ကွာဟမှုက မိုင်တစ်သန်းလောက်ရှိနေပါပြီ။ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာရော၊ ဒီနေ့ပွဲစဉ်မှာပါ ဒီလိုမြင့်မားတဲ့ ခြေစွမ်းအဆင့်အတန်းတစ်ခု ရှိမနေခဲ့ဘူးဆိုတာ သေချာပါတယ်။ ဘောလုံးပွဲတွေမှာ အရှုံးဆိုတာကို လက်ခံနိုင်ပါတယ်။

ဒါပေမယ့် လီဗာပူးရှုံးနိမ့်ခဲ့တဲ့ပုံစံမှာရော၊ တိတိကျကျ ပြောမယ်ဆိုရင် သူတို့ရဲ့စတင်မှုတွေမှာရော လုံလောက်တဲ့ ကောင်းမွန်မှုတွေ မရှိခဲ့ပါဘူး”လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

မာဆေးဆိုဒ်ဒေသခံကလပ်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ရဲ့အထက် အဆင့် (၁၆) နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ရမှတ် ၇ မှတ် ကွာဟနေပါတယ်။