ဒီအပတ် မန်စီးတီး – ပဲလေ့စ် ပွဲမှာ ဘယ်လို ရလဒ်ထွက်မလဲ ခန့်မှန်းသွားတဲ့ ဘီဘီစီမှ ခရစ်ဆက်တန်

မန်ချက်စတာ စီးတီးဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့၊ ည ၈း၃ဝ နာရီ၊ စီးတီးဇင်တို့ရဲ့ အီတီဟက် ကွင်းမှာ ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာမှ ခရစ်ဆက်တန်က မန်စီးတီးနဲ့ ပဲလေ့စ်တို့ရဲ့ ဒီညပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ဒီနှစ်တွေအတွင်း အီတီဟတ်မှာ မန်စီးတီးကို ပဲလေစ့်က ၂ ကြိမ်တောင် အနိုင်ယူခဲ့ပါတယ်။ သူတို့က မန်စီးတီးကို ဘယ်လို အနိုင်ယူရမယ်ဆိုတာကို သိပါတယ်။ မန်နေဂျာဗီအဲရာက မန်စီးတီးမှာ ကစားခဲ့ဖူးပြီး လူငယ်အသင်းမှာပါ နည်းပြခဲ့ဖူးပါတယ်။

ပဲလေစ့်က ပရီးမီးယားလိဂ်မှာ အန္တရာယ် အကြီးဆုံး ကောင်တာ တိုက်စစ်ကို ကစားနေတဲ့ အသင်းပါ။ ဒါပေမယ့်လို့ မန်စီးတီးကို သူတို့ အနိုင်ရမယ်တော့ မထင်ပါဘူး။

အရင် အပတ်က နယူးကာဆယ်တို့ မန်စီးတီးကို ရဲရဲရင့်ရင့် ရင်ဆိုင်ကစားတာက စီးတီးကို နာကျင်စေခဲ့တယ်။ မန်စီးတီး က အိမ်ကွင်းအားသာချက်နဲ့ အနိုင်ရအောင် ကြိုးစားနိုင်မယ်လို့ ထင်ပေမယ့် ပဲလေစ့်က ဂိုးတော့ ရနိုင်ပါတယ်။ ” လို့ ဆက်တန်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ဘီဘီစီ ခရစ်ဆက်တန် ခန့်မှန်းထားတဲ့ ပွဲရလဒ်ကတာ့ မန်စီးတီး ၃-၁ ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ စီးတီးဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ခရစၥတယ္ပဲေလ့စ္နဲ႕ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ဒီေန႔ စေနေန႔၊ ည ၈း၃ဝ နာရီ၊ စီးတီးဇင္တို႔ရဲ႕ အီတီဟက္ ကြင္းမွာ ကစားၾကမွာပါ။

ဘီဘီစီ သတင္းဌာမွ ခရစ္ဆက္တန္က မန္စီးတီးနဲ႕ ပဲေလ့စ္တို႔ရဲ႕ ဒီညပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

” ဒီႏွစ္ေတြအတြင္း အီတီဟတ္မွာ မန္စီးတီးကို ပဲေလစ့္က ၂ ႀကိမ္ေတာင္ အႏိုင္ယူခဲ့ပါတယ္။ သူတို႔က မန္စီးတီးကို ဘယ္လို အႏိုင္ယူရမယ္ဆိုတာကို သိပါတယ္။ မန္ေနဂ်ာဗီအဲရာက မန္စီးတီးမွာ ကစားခဲ့ဖူးၿပီး လူငယ္အသင္းမွာပါ နည္းျပခဲ့ဖူးပါတယ္။

ပဲေလစ့္က ပရီးမီးယားလိဂ္မွာ အႏၲရာယ္ အႀကီးဆုံး ေကာင္တာ တိုက္စစ္ကို ကစားေနတဲ့ အသင္းပါ။ ဒါေပမယ့္လို႔ မန္စီးတီးကို သူတို႔ အႏိုင္ရမယ္ေတာ့ မထင္ပါဘူး။

အရင္ အပတ္က နယူးကာဆယ္တို႔ မန္စီးတီးကို ရဲရဲရင့္ရင့္ ရင္ဆိုင္ကစားတာက စီးတီးကို နာက်င္ေစခဲ့တယ္။ မန္စီးတီး က အိမ္ကြင္းအားသာခ်က္နဲ႔ အႏိုင္ရေအာင္ ႀကိဳးစားႏိုင္မယ္လို႔ ထင္ေပမယ့္ ပဲေလစ့္က ဂိုးေတာ့ ရႏိုင္ပါတယ္။ ” လို႔ ဆက္တန္က ခန္႔မွန္း သံုးသပ္ထားပါတယ္။

ဘီဘီစီ ခရစ္ဆက္တန္ ခန္႔မွန္းထားတဲ့ ပြဲရလဒ္ကတာ့ မန္စီးတီး ၃-၁ ခရစၥတယ္ပဲေလ့စ္ ျဖစ္ပါတယ္။