ဂုရုကြီး ပေါမာဆန်ရဲ့ ဒီအပတ် မန်စီးတီး – ခရစ္စတယ်ပဲလေ့စ် ပွဲ အတွက် သုံးသပ် ဟောကိန်းထုတ်မှု ထွက်ပါပြီ
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂုရုကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီအပတ် မန်စီးတီး – ခရစ္စတယ်ပဲလေ့စ် ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန် က ” ခရစ္စတယ်ပဲလေ့စ် က ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေကို နာကျင်အောင် လုပ်နိုင်ပါတယ်။ သူတို့ လီဗာပူးနဲ့ ပွဲမှာ အဲဒီတိုင်း လုပ်ပြခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးကိုသာ လီဗာပူးတုန်းက ဘောလုံး ပိုင်ဆိုင်မှုမျိုးလောက် ပေးမယ် ဆိုရင် စီးတီးက သူတို့ကို ၃ဂိုးလောက် သွင်းသွားလိမ့်မယ်။
ပဲလေ့စ်ကလည်း မန်စီးတီးကို ကောင်တာကနေ ပြန်ဂိုးသွင်းနိုင်ပါတယ်။ ဒီတပတ်မှာ သူတို့ တစ်ဂိုးလောက်တော့ သွင်းလိမ့်မယ် လို့ ကျနော် မြင်နေတယ်။ ဒါမျိုးလုပ်ဖို့ မိနစ်ပိုင်းလောက်ပဲ လိုတာပါ။
တကယ်လို့သာ ပထမပိုင်း ပြီးချိန်မှာ ဝ-ဝ ပဲ ရှိသေးပြီး ဇာဟာကလည်း ကစားတာ ကောင်းနေမယ် ဆိုရင် ပဲလေ့စ်က ဘာမဆို လုပ်ပြသွားနိုင်တယ်။ သူက တကယ့်ကို ပုံစံကောင်း ရနေပြီး ကောင်တာကနေ ခံစားသွားရအောင် လုပ်နိုင်ပါတယ်။
မန်ချက်စတာ စီးတီးက ဂိုးစောစော သွင်းဖို့ လိုပါတယ်။ မဟုတ်ရင် တိုက်စစ်ကို အသားကုန် ဖွင့်လိုက်ရပြီး ပဲလေ့စ်ရဲ့ ကောင်တာ တိုက်စစ်ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမယ်။ မန်စီးတီး ဘောလုံး တော်တော် ကိုင်ရမယ် လို့ ကျေနာ် ထင်တယ်။ သူတို့ဘက်ကပဲ နိုင်မယ်လို့ ကျနော် ထောက်ခံချင်တယ်။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-၁ ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။ ဒီနှစ်သင်း ဟာ မနက်ဖြန် သြဂုတ် ၂၇ ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီ၊ အီတီဟက်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။