ဟာလန်း၊ ဘာနာဒို၊ ဖိုဒန်၊ ဂိုးတွေပေးနေရတာ မကြိုက်တဲ့ ပက်နဲ့ မန်စီးတီးရဲ့ ပဲလေ့စ်ကို နိုင်တဲ့ ပွဲမှ ပြောစရာ အချက်များ

မန်စီးတီးကတော့ မနေ့ညက အိမ်ကွင်းအီတီဟတ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၂ဂိုး အရေးနိမ့်နေရာကနေ လိုက် ကစားပြီး ဟာလန်းဟက်ထရစ်နဲ့ အတူ ချေပဂိုး၊ အနိုင်ဂိုးများသွင်းကာ ၄-၂ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ စီးတီးရဲ့ ပထမ ချေပဂိုးကိုတော့ ဘာနာဒို ဆေးလ်ဗားက သွင်းယူပေးခဲ့တာပါ။

ဗီအဲရာရဲ့ အသင်းကို အနိင်ရခဲ့တဲ့ပွဲမှ သတိပြုမိစရာ အချက်များကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

ဥရောပရဲ့ ဂိုးသွင်းအများဆုံး ဟာလန်း

မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ ပဲလေ့စ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီး အသင်းအတွက် ကယ်တင်ရှင်ဖြစ်ခဲ့တာပါ။ ဟာလန်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲကစားခဲ့ပြီးချိန်မှာ ၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်ထားပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေပါတယ်။ ဒါ့အပြင် ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်းက ပထမဆုံး ဟက်ထရစ်သွင်းယူတဲ့ ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။

မန်စီးတီးအထာ ကောင်းကောင်းသိနေတဲ့ ဗီအဲရာ

ပဲလေ့စ်နည်းပြ ဗီအဲရာအနေနဲ့ မန်စီးတီးလို Pass ကောင်းတဲ့အသင်း၊ ကွင်းလယ်ပိုင်းကို အဓိက စိုးမိုးတတ်တဲ့ အသင်းတွေ ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကေားင်ကောင်းသိနေခဲ့ပါတယ်။ မန်စီးတီးတို့ အံ့အားသင့်ဖွယ် Comeback နဲ့ အနိုင်ရခဲ့ပေမဲ့ ပွဲချိန်အတွင်း ပဲလေ့စ်ရဲ့ Low Block တွေအောက်မှာ အမှန်တကယ် ရုန်းကန်ခဲ့ရတာပါ။ မန်စီးတီးက ရတဲ့အခွင့်အရေးတွေကို တိတိကျကျ အသုံးချနိုင်တာ၊ ဟာလန်းဖြစ်နေတာတွေကြောင့်သာ ပဲလေ့စ်ကို အားမတန်ဘဲ မာန်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။

ပစ်ပယ်လို့မရသေးတဲ့ ဘာနာဒို

ဂွါဒီယိုလာအနေနဲ့ ဘာနာဒိုဆေးလ်ဗားကို ဘာကြောင့် မပစ်ပယ်ဘဲ အသင်းမှာ အသည်းအသန် ဆက် ထိန်းလိုသလဲ ဆိုတာ ပဲလေ့စ်နဲ့ပွဲက အဖြေဖြစ်ခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီး ကစားကွက်မှာအရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ရလဒ်ကိုလည်း ပြောင်းလဲနိုင်စွမ်းရှိသူပါ။ ဒါကြောင့် အသင်းမှာ မနေချင်တဲ့ ကစားသမားဘဝကို ဆွဲ မထားဘူးလို့ ဟစ်ကြွေးခဲ့တဲ့ ဂွါဒီယိုလာ တစ်ယောာက် ဘာနာဒိုကိုတော့ ပစ်မပယ်သေးပါဘူး။

Comeback တွေ မကြိုက်တဲ့ ပက်

မန်စီးတီးဟာ ပဲလေ့စ်ကို နှစ်ဂိုးရှုံးနေရာကနေ အံ့အားသင့်ဖွယ် Comeback ကို ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာကတော့ ဒီလိုမျိုး Comeback တွေကို မကြိုက်ပါဘူး။ သူတို့အသင်းရဲ့ ပြဿနာကဂိုးတွေ ခွင့်ပြုနေရတာ ဖြစ်ကြောင်း၊ အသင်းအနေနဲ့ ဒီလိုမျိုး Comeback တွေကို အမြဲတမ်း အားကိုးလို့မရနိုင်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

ပြန်လာနိုင်ခဲ့ဲ့တဲ့ ဖိုဒန်

ပဲလေ့စ်နဲ့ပွဲ ပထမပိုင်းအပြီးမှာ မန်စီးတီးလူငယ်ကြယ်ပွင့် ဖိုဒန်ရဲ့ ခြေစွမ်းက စုတ်ပြတ်သတ်လွန်းပြီး ရစရာ မရှိ ဖြစ်ခဲ့ရတာပါ။ ဖိုဒန်အနေနဲ့ တိုက်စစ်မှာ လုံးဝမြှုပ်နေခဲ့ပြီး ဘာလုပ်လို့ဘာလုပ်မှန်းမသိခဲ့ပါဘူး။ ဒါပေမဲ့ ဖိုဒန်ဟာ ဒုတယိပိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး အသင်းတိုက်စစ်အတွက် အရေးပါတဲ့တိုက်စစ်လမ်းကြောင်းတွေ၊ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။