ဟက်ထရစ် အပါအဝင် ၄ပွဲ ၆ဂိုး သွင်းထားပေမယ့် အကောင်းဆုံး ခြေစွမ်း မပြရသေးဘူးလို့ ကြွယ်လိုက်တဲ့ ဟာလန်း

မန်စီးတီးအသင်း တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် သူ့ရဲ့အကောင်းဆုံးပုံစံကို ထုတ်မပြရသေးဘူးလို့ ပြိုင်ဘက်တွေကို သတိပေး သွားခဲ့ပါတယ်။

ဟာလန်းဟာ ၂ဂိုးပြတ် အရေးနိမ့်နေတဲ့ မန်စီးတီးအသင်းအတွက် ဟက်ထရစ်သွင်းဂိုးနဲ့အတူ နိုင်ပွဲကို ယူဆောင် လာပေးခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့် ၄ပွဲမှာ ၆ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။

ပွဲအပြီးမှာ ဟာလန်းက’ ကွင်းထဲမှာ ခင်ဗျားတို့မြင်ရသလိုပဲ ကျွန်တော်ပျော်နေတယ်။ ပြီးရင် ကျွန်တော့်အနားမှာ အချိတ်အဆက် ကောင်းကောင်းရှိတယ်လို့ခံစားရတယ်’

‘ပုံစံကောင်း တစ်ခုရဖို့ အချိန်တော့ယူရတာပေါ့။ ဒါပေမယ့်သိပ်မကြာခင်ဖြစ်လာတော့မှာပါ။ တဖြည်းဖြည်းလဲ ပိုကောင်းလာသလို ခံစားရတယ်။ တကယ်ကောင်းတဲ့ ခံစားချက်ပဲ’ လို့ပြောခဲ့တာပါ။

ဟာလန်းဟာ မန်စီးတီးအသင်းနဲ့အတူ မြင့်မားတဲ့အိပ်မက်တွေရှိပေမယ့် သူ့ရဲ့အဓိက ဦးစားပေး ရည်မှန်းချက်ကတော့ အသင်းမှာ ကစားခဲ့ဖူးတဲ့ဖခင်ဖြစ်သူထက် ဂိုးပိုသွင်းဖို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဟာလန်းက’ ဒီနေ့က ကျွန်တော်ရော ကျွန်တော့်မိသားစုအတွက်ပါ ဂုဏ်ယူရတဲ့နေ့တစ်နေ့ပါ။ ဒါပေမယ့် ကျွန်တော့် အဖေက သူ့မှာ ကျွန်တော့်ထက် ပရီးမီးယားလိဂ် သွင်းဂိုး များတယ်ပြောတယ်။ အဲ့ဒီတော့ အမှီလိုက်ရမယ်’

‘ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့တာ တကယ်ကောင်းပါတယ်။ ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက် ယုံကြတယ်လေ။ အမှန်ဆို ပထမပိုင်းကတည်းက ဂိုးတွေပြန်ရသသင့်တာပါ’ လို့ပြောခဲ့တာပါ။

Zawgyi

မန္စီးတီးအသင္း တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ပြဲမွာ ဟက္ထရစ္ သြင္းယူခဲ့ၿပီးေနာက္ သူ႔ရဲ႕အေကာင္းဆုံးပုံစံကို ထုတ္မျပရေသးဘူးလို႔ ၿပိဳင္ဘက္ေတြကို သတိေပး သြားခဲ့ပါတယ္။

ဟာလန္းဟာ ၂ဂိုးျပတ္ အေရးနိမ့္ေနတဲ့ မန္စီးတီးအသင္းအတြက္ ဟက္ထရစ္သြင္းဂိုးနဲ႔အတူ ႏိုင္ပြဲကို ယူေဆာင္ လာေပးခဲ့ၿပီး ပရီးမီးယားလိဂ္အဖြင့္ ၄ပြဲမွာ ၆ဂိုး အထိ သြင္းယူႏိုင္ခဲ့တာပါ။

ပြဲအၿပီးမွာ ဟာလန္းက’ ကြင္းထဲမွာ ခင္ဗ်ားတို႔ျမင္ရသလိုပဲ ကြၽန္ေတာ္ေပ်ာ္ေနတယ္။ ၿပီးရင္ ကြၽန္ေတာ့္အနားမွာ အခ်ိတ္အဆက္ ေကာင္းေကာင္းရွိတယ္လို႔ခံစားရတယ္’

‘ပုံစံေကာင္း တစ္ခုရဖို႔ အခ်ိန္ေတာ့ယူရတာေပါ့။ ဒါေပမယ့္သိပ္မၾကာခင္ျဖစ္လာေတာ့မွာပါ။ တျဖည္းျဖည္းလဲ ပိုေကာင္းလာသလို ခံစားရတယ္။ တကယ္ေကာင္းတဲ့ ခံစားခ်က္ပဲ’ လို႔ေျပာခဲ့တာပါ။

ဟာလန္းဟာ မန္စီးတီးအသင္းနဲ႔အတူ ျမင့္မားတဲ့အိပ္မက္ေတြရွိေပမယ့္ သူ႔ရဲ႕အဓိက ဦးစားေပး ရည္မွန္းခ်က္ကေတာ့ အသင္းမွာ ကစားခဲ့ဖူးတဲ့ဖခင္ျဖစ္သူထက္ ဂိုးပိုသြင္းဖို႔ပဲျဖစ္ပါတယ္။

ဒါ့အျပင္ ဟာလန္းက’ ဒီေန႔က ကြၽန္ေတာ္ေရာ ကြၽန္ေတာ့္မိသားစုအတြက္ပါ ဂုဏ္ယူရတဲ့ေန႔တစ္ေန႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ့္ အေဖက သူ႔မွာ ကြၽန္ေတာ့္ထက္ ပရီးမီးယားလိဂ္ သြင္းဂိုး မ်ားတယ္ေျပာတယ္။ အဲ့ဒီေတာ့ အမွီလိုက္ရမယ္’

‘ပြဲကိုအလွည့္အေျပာင္းျဖစ္ေစခဲ့တာ တကယ္ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔က တစ္ေယာက္ကို တစ္ေယာက္ ယုံၾကတယ္ေလ။ အမွန္ဆို ပထမပိုင္းကတည္းက ဂိုးေတြျပန္ရသသင့္တာပါ’ လို႔ေျပာခဲ့တာပါ။