ဂိုးဒါဇင်ဝက်ထိ သွင်းပြီး အိမ်ရှင်တွေနိုင်မယ် ဆိုတဲ့ မန်စီးတီး – နော့တင်ဟမ်ဖောရက်စ် ပွဲအတွက် ဆက်တန် သုံးသပ်ချက်

မန်ချက်စတာစီးတီးအသင်းက ဒီအပတ် ကြားရက်မှာ တန်းတက် နော့တင်ဟမ် ဖောရက်စ် အသင်းကို ပရီးမီးယားလိဂ် ပွဲ အဖြစ် အိမ်ကွင်း အီတီဟက်မှာ ဧည်ခံ ကစားဖို့ ရှိနေပါတယ်။ ပွဲချိန် က လာမယ့် စက်တင်ဘာလ ၁ ရက်၊ ကြာသပတေးနေ့၊ နံနက် ၁ နာရီ ဖြစ်ပါတယ်။

နာမည်ကြီး ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က မန်စီးတီးနဲ့ နော့တင်ဟမ် ဖောရက်စ်တို့ ပွဲစဉ် အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်စီးတီးရဲ့ အိမ်ကွင်းပွဲပါ။ သူတို့ပဲ ဂိုးပြတ် အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ မန်စီးတီးက မယုံနိုင်စရာ အသင်း ဖြစ်ပြီး နယူးကာဆယ်က သူတို့ထံကနေ ရမှတ် ခွဲယူခဲ့ပေမယ့် ပဲလေစ့်ပွဲမှာ အနိုင်ရလဒ်ကို ပြန်ယူပြခဲ့တယ်။ ဟာလန်း ကလည်း ဂိုးတွေ သွင်းနေပါတယ်။

နော်တင်ဟမ် ဖောရက်စ်က ကြိုးစားမှာဆိုပေမယ့် အခွင့်အရေးက မန်စီးတီးလက်ထဲမှာပါ။ မန်စီးတီးတို့ ခံစစ်မှာ clean sheets ပြန်ရပြီးကို အနိုင်ရပါလိမ့်မယ်။ ” လို့ ဆက်တန် က သုံးသပ်ထားပါတယ်။

ဘီဘီစီ ခရစ္စဆက်တန် ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ စီးတီး ၆-ဝ နော့တင်ဟမ် ဖောရက်စ် ဖြစ်ပါတယ်။

Zawgyi




