မနက်ဖြန် အက်စတွန်ဗီလာ – မန်စီးတီးပွဲ ဘယ်လိုရလဒ်ထွက်လာမလဲ သုံးသပ်ခန့်မှန်းသွားတဲ့ ပက်ထရစ် အီဗရာ

မန်ချက်စတာ စီးတီးဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဝေးကွင်း ဗီလာပါ့ခ်မှာ သွားရောက် ကစားရမှာပါ။

နိုင်ပွဲတွေ ဆက်တိုက် ပြန်ရပြီး ဟာလန်း ဂိုးမြူးနေတဲ့ မန်စီးတီးကတော့ ဒီရာသီ ၃ မှတ် သာ ရသေးတဲ့ စတီဗင်ဂျရတ် ရဲ့ အသင်းနဲ့ တွေ့တာ ဖြစ်လို့ စိုးရိမ်ဖွယ် မရှိပါဘူး။

ဗီလာနဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” နည်းပြ ဂွာဒီယိုလာက ဒီပွဲကို ပိုင်ဆိုင်မှု အသာနဲ့ လွှမ်းမိုး ကစားနိုင်ဖို့ လုပ်ပါလိမ့်မယ်။ ဒီလိုပုံစံနဲ့ ပွဲကို သူတို့ချဉ်းကပ်လေ့ ရှိတာပါ။ သူတို့က နိုင်ပွဲတွေ ရနေတယ်၊ ပြိုင်ဘက်တွေကို ယှဉ်ဖိုက်နေတယ် ဆိုပေမယ့် မနှစ်ကလောက် လွှမ်းမိုးနိုင်ခြင်း မရှိသေးဘူး။

ဂွာဒီယိုလာက သူ့အသင်းကို ဟာလန်းနဲ့ အသားကျစေချင်နေတယ် လို့ ထင်တယ်။ သူက ဝန်ခံမှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အသင်းသားတွေက ဟာလန်းကို အကောင်းဆုံး အနေအထားနဲ့ ပံ့ပိုးနိုင်ဖို့ တစ်ဆင့်ချင်း သွားနေတယ်၊ လုပ်ဆောင်နေကြပါတယ်။

ဒီပွဲမှာလည်း သူတို့ ပွဲကို လွှမ်းမိုး ကစားဦးမှာ ဖြစ်လို့ မန်စီးတီး အနိုင်ဘက်က ရှိချင်တယ်။ အက်စတွန်ဗီလာကတော့ ဖိအားတွေ အများကြီးအောက် ရောက်ဦးမှာပါ။ ” လို့ အီဗရာက ဆိုပါတယ်။

အီဗရာ ရဲ့ ခန့်မှန်းရလဒ် ကတော့ အက်စတွန်ဗီလာ ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် စက်တင်ဘာ ၃ ရက်၊ စနေနေ့၊ ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။