ရီးရဲလ်မက်ဒရစ် ကို ပယ်ပြီး မန်စီးတီးကို ဘာကြောင့် သေချာရွေးခဲ့ဖြစ်သလဲ ဆိုတာကို ဟာလန်း ဖခင် ဖွင့်ဟ
ဥရောပမှာ အလားအလာ အကောင်းဆုံး တိုက်စစ်မှုး အဖြစ် တောက်ပလာတဲ့ ဟာလန်းဟာ သူ့ကို လိုချင်တဲ့ ကလပ်တွေ များစွာ ရှိခဲ့တဲ့ထဲက မန်စီးတီးကို သေချာ ရွေးချယ်ကာ ပြောင်းရွှေ့လာဖြစ်ခဲ့ကြောင်း ဟာလန်းဖခင် ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။
ဟာလန်းဟာ အထူးသဖြင့် ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ် ရဲ့ ချိတ်ဆက်မှုလည်း ရခဲ့တာကြောင့် အသင်းတွေကို အကဲဖြတ် အမှတ်ပေးပြီး စီးတီးကိုပဲ ရွေးခဲ့တာ ဖြစ်တယ်လို့ ဟာလန်း ဖခင် Alf-Inge က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
” ကျနေ်ာတို့က ဘယ်အသင်း နံပါတ် ၉ တိုက်စစ်မှုးကို ဘယ်လောက်ထိ လိုအပ်သလဲ ဆိုတာကို အကဲဖြတ်ခဲ့ပါတယ်။ မန်ချက်စတာ စီးတီးက ဒီအဆင့်မှာ ၁ဝ/၁ဝ ရှိပါတယ်။ ဒါက လုံးဝကို ပြီးပြည့်စုံတဲ့ အနေအထားပါ။
ရီးရဲလ်မက်ဒရစ် ကို ဆိုရင် ကျနေ်ာတို့က ၁ဝ မှတ်ပေးနိုင်တဲ့ထဲက ၅-၆ လောက်ပဲ သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ လက်ရှိ ကစားနေတဲ့ ကာရင် ဘန်ဇီမာ ရှိတယ်။ နောက်ပြီး သူတို့ အမ်ဘတ်ပီ ကို ခေါ်မလားလည်း ကြည့်ရတယ်။ ” လို့ ဟာလန်း ဖခင်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ဟာ အမ်ဘာပေရော ဟာလန်းကို ပါ ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ ရီးရဲလ်ဟာ ထို ကစားသမား နှစ်ယောက်လုံးကို မရဘဲ လက်လွှတ်ခဲ့ရတာပါ။ ဒီနှစ်ယောက်လုံး ကလည်း အန်ဆယ်လော့တီရဲ့ အသင်းမှာ တပြိုင်နက် နေရာ ရနိုင်ဖွယ် မရှိပါဘူး။
မန်စီးတီးမှာတော့ တိုက်စစ်မှုးကြီး အဂွယ်ရို ထွက်သွားပြီးတည်းက နံပါတ် ၉ စစ်စစ် တိုက်စစ်မှုးကို ဂွာဒီယိုလာက စိတ်တိုင်းကျ ရှာဖွေနေခဲ့ ဖြစ်ကာ ဟာလန်း ရောက်တာနဲ့ နေရာပေးကာ ကစားကွက်ကို ပြုပြင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ဟက်ထရစ် သွင်းဂိုး နှစ်ကြိမ် အပါအဝင် လိဂ်ဂိုး ၁ဝဂိုးထိ သွင်းယူထားပြီ ဖြစ်ပါတယ်။
