ဒီည ဆီဗီလာ – မန်စီးတီး တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ် အတွက် ဘီဘီစီမှ ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်
ချန်ပီယံလိဂ် အုပ်စု G မှာ ကျရောက်နေတဲ့ မန်စီးတီးအသင်းဟာ ဒီညမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် ဆီဗီလာ အသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီည/ မနက်ဖြန် မနက် ၁း၃ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ဆီဗီလာနဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ပက်ဂွာဒီယိုလာနဲ့ သူ့ရဲ့အသင်းက တစ်ပတ် ၃ ပွဲကစားရမယ့် ပွဲကျပ်ကာလတွေကို ဘယ်လို ကိုင်တွယ် သွားမလဲ ဆိုတာ စောင့်ကြည့်ရမယ့် အချိန်ပါ။ ပြိုင်ပွဲအားလုံးမှာ အသာစီးရဖို့၊ အသင်းဟန်ချက်ညီနေဖို့က အဓိကဖြစ်ပြီး ဂွာဒီယိုလာအနေနဲ့ ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်ပါတယ်။
ဟာလန်းကို သူ အနားပေးမလား။ ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ အရှိန်ကောင်းကောင်းနဲ့ စတင်ဖို့ ဟာလန်းကို ထည့် ကစားမလား။ ဆုံးဖြတ်ရပါလိမ့်မယ်။
ဆီဗီလာက အသင်းကောင်းတစ်သင်းပါ။ သူတို့မှာ ရာကီတစ်၊ ဂျာနူဇက်၊ ဂျေးဆုနာဗက်စ်၊ လာမယ်လာ၊ အစ္စကို စတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် စီးတီးကတော့ သူတို့ကို အေးအေးဆေးဆေး အနိုင်ရလောက်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ခရစ် ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ ဆီဗီလာ ဝ-၂ မန်စီးတီး ဖြစ်ပါတယ်။

Zawgyi
ခ်န္ပီယံလိဂ္ အုပ္စု G မွာ က်ေရာက္ေနတဲ့ မန္စီးတီးအသင္းဟာ ဒီညမွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ အျဖစ္ ဆီဗီလာ အသင္းနဲ႕ ရင္ဆုိင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ဒီည/ မနက္ျဖန္ မနက္ ၁း၃ဝ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။
ဘီဘီစီ သတင္းဌာနမွ ခရစ္ဆက္တန္က ဆီဗီလာနဲ႕ မန္စီးတီး တို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” ပက္ဂြာဒီယိုလာနဲ႔ သူ႔ရဲ႕အသင္းက တစ္ပတ္ ၃ ပြဲကစားရမယ့္ ပြဲက်ပ္ကာလေတြကို ဘယ္လို ကိုင္တြယ္ သြားမလဲ ဆိုတာ ေစာင့္ၾကည့္ရမယ့္ အခ်ိန္ပါ။ ၿပိဳင္ပြဲအားလုံးမွာ အသာစီးရဖို႔၊ အသင္းဟန္ခ်က္ညီေနဖို႔က အဓိကျဖစ္ၿပီး ဂြာဒီယိုလာအေနနဲ႔ ဆုံးျဖတ္ခ်က္ေတြ ခ်ရမွာျဖစ္ပါတယ္။
ဟာလန္းကို သူ အနားေပးမလား။ ဒါမွမဟုတ္ ခ်န္ပီယံလိဂ္မွာ အရွိန္ေကာင္းေကာင္းနဲ႔ စတင္ဖို႔ ဟာလန္းကို ထည့္ ကစားမလား။ ဆုံးျဖတ္ရပါလိမ့္မယ္။
ဆီဗီလာက အသင္းေကာင္းတစ္သင္းပါ။ သူတို႔မွာ ရာကီတစ္၊ ဂ်ာႏူဇက္၊ ေဂ်းဆုနာဗက္စ္၊ လာမယ္လာ၊ အစၥကို စတဲ့သူေတြရွိပါတယ္။ ဒါေပမယ့္ စီးတီးကေတာ့ သူတို႔ကို ေအးေအးေဆးေဆး အႏိုင္ရေလာက္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။
ခရစ္ ဆက္တန္ရဲ႕ ခန႔္မွန္းရလဒ္ ကေတာ့ ဆီဗီလာ ဝ-၂ မန္စီးတီး ျဖစ္ပါတယ္။
