ဗုဒ္ဓဟူးနေ့ည မန်စီးတီး – ဒေါ့မွန် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အတွက် ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ ဒီအပတ် ဒုတိယပွဲစဉ်တွေမှာ မန်စီးတီးက ဒေါ့မွန်အသင်းကို အိမ်ကွင်း အီတီဟက် မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် ကြာသပတေးနေ့၊ နံနက် ၁း၃ဝ နာရီမှာ ယှဉ်ပြိုင်ရမှာပါ။

စီးတီး တိုက်စစ်မှုး ဟာလန်းကတော့ သူ့အသင်းဟောင်း ဒေါ့မွန်ကို ပြန်ရင်ဆိုင်ရမှာ ဖြစ်ပြီး နှစ်သင်းလုံးကတော့ ဒီပွဲကို အနိုင် ရလိုနေကြမှာ ဖြစ်ပါတယ်။

ဒေါ့မွန်က လက်ရှိ ဘွန်ဒစ်လီဂါမှာ အဆင့် ၅ နေရာမှာ ရှိနေပြီး ဒီရာသီ အကောင်းဆုံး ပုံစံတွေ မပြသနိုင်သေးပါဘူး။ တဖက်မှာ မန်စီးတီးကတော့ ပရီးမီးယားလိဂ်မှာ တရိပ်ရိပ် ခြေစွမ်းတက်လာနေတာပါ။

မန်ချက်စတာ စီးတီးဟာ ပြည်တွင်း ပရီးမီးယားလိဂ်မှာ အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ပြထားသလို ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲမယ် ရေပန်းစားတဲ့ အသင်းတွေထဲ ပါဝင်နေပါတယ်။ ဟာလန်းကတော့ ရပ်တန့်လို့ မရလောက် အောင် အစွမ်းပြနေပြီး သူ့အသင်းဟောင်းနဲ့ အတွေ့မှာလည်း အစွမ်းပြ ဂိုးသွင်းချင်နေဦးမှာပါ။

ဒေါ့မွန်က သူတို့ ခြေကောင်းနေတဲ့ နေ့တွေ ဆိုရင် အကောင်းဆုံး ပြန်တုန့်ပြန်နိုင်မှာ ဖြစ်ပေမယ့် ဒီနောက်ပိုင်း နှစ်တွေမှာ မတည်ငြိမ်ဘဲ ရုန်းကန်နေရပါတယ်။ မန်ချက်စတာ စီးတီးကတော့ ပိုကောင်းတဲ့ အသင်း ဖြစ်နေပြီး ဒီပွဲကိုလည်း အနိုင်ရသွားဖို့ များပါတယ်။

ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ စီးတီး ၃-၁ ဒေါ့မွန်။

Zawgyi

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ရဲ႕ ဒီအပတ္ ဒုတိယပြဲစဥ္ေတြမွာ မန္စီးတီးက ေဒါ့မြန္အသင္းကို အိမ္ကြင္း အီတီဟက္ မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ လာမယ့္ ၾကာသပေတးေန႔၊ နံနက္ ၁း၃ဝ နာရီမွာ ယွဥ္ျပိဳင္ရမွာပါ။

စီးတီး တိုက္စစ္မႈး ဟာလန္းကေတာ့ သူ႔အသင္းေဟာင္း ေဒါ့မြန္ကို ျပန္ရင္ဆိုင္ရမွာ ျဖစ္ၿပီး ႏွစ္သင္းလုံးကေတာ့ ဒီပြဲကို အႏိုင္ ရလိုေနၾကမွာ ျဖစ္ပါတယ္။

ေဒါ့မြန္က လက္ရွိ ဘြန္ဒစ္လီဂါမွာ အဆင့္ ၅ ေနရာမွာ ရွိေနၿပီး ဒီရာသီ အေကာင္းဆုံး ပုံစံေတြ မျပသႏိုင္ေသးပါဘူး။ တဖက္မွာ မန္စီးတီးကေတာ့ ပရီးမီးယားလိဂ္မွာ တရိပ္ရိပ္ ေျခစြမ္းတက္လာေနတာပါ။

မန္ခ်က္စတာ စီးတီးဟာ ျပည္တြင္း ပရီးမီးယားလိဂ္မွာ အထင္ႀကီးေလာက္ဖြယ္ စြမ္းေဆာင္ျပထားသလို ဒီရာသီ ခ်န္ပီယံလိဂ္ ဗိုလ္စြဲမယ္ ေရပန္းစားတဲ့ အသင္းေတြထဲ ပါဝင္ေနပါတယ္။ ဟာလန္းကေတာ့ ရပ္တန႔္လို႔ မရေလာက္ ေအာင္ အစြမ္းျပေနၿပီး သူ႔အသင္းေဟာင္းနဲ႔ အေတြ႕မွာလည္း အစြမ္းျပ ဂိုးသြင္းခ်င္ေနဦးမွာပါ။

ေဒါ့မြန္က သူတို႔ ေျခေကာင္းေနတဲ့ ေန႔ေတြ ဆိုရင္ အေကာင္းဆုံး ျပန္တုန႔္ျပန္ႏိုင္မွာ ျဖစ္ေပမယ့္ ဒီေနာက္ပိုင္း ႏွစ္ေတြမွာ မတည္ၿငိမ္ဘဲ ႐ုန္းကန္ေနရပါတယ္။ မန္ခ်က္စတာ စီးတီးကေတာ့ ပိုေကာင္းတဲ့ အသင္း ျဖစ္ေနၿပီး ဒီပြဲကိုလည္း အႏိုင္ရသြားဖို႔ မ်ားပါတယ္။

ခန႔္မွန္းရလဒ္။ ။ မန္ခ်က္စတာ စီးတီး ၃-၁ ေဒါ့မြန္။