ပစ်မှတ်ထားနေတဲ့ အင်တာ နောက်ခံလူ၊ ဟာလန်း – အဲဗာရက်စ် ပွဲထုတ်ဖွယ် ရှိခြင်းနဲ့ နောက်ဆုံးရ မန်စီးတီး သတင်းတိုများ
မန်ချက်စတာစီးတီးအသင်းဟာ အင်တာမီလန်အသင်းရဲ့ ဆလိုဗက်ကီးယား ခံစစ်ကစားသမား မီလန်ရှကရီညာကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီး ကစားသမားရဲ့ လက်ရှိ စာချုပ်အခြေအနေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။
ဝုဗ် ကို အဝေးကွင်းမှာ ၃-၀ နဲ့ နိုင်တဲ့ ပွဲ အပြီးမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က ဒီမတိုင်ခင် ဂိုးပေါက် ပျောက်ခဲ့တဲ့ ဂရီးလစ်ရှ် အပေါ် သူ မယုံမကြည် ဖြစ်ခဲ့တာမျိုး မရှိခဲ့ကြောင်း တုန့်ပြန်ရင်း ဂရီးလစ်ရှ် အနေနဲ့ ရှေ့လျှောက် သူ့ကိုယ်သူ ယုံကြည်မှု ရှိရှိ ကိုယ်ပိုင်ဟန်နဲ့ ကစားဖို့ မက်ဆေ့ခ်ျ ပေးခဲ့ပါတယ်။
ဂျက်ဂရီးလစ်ရှ်ကလညျး သူ့အနေနဲ့ သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေပါ ခပ်များများ လုပ်ဆောင်ပေးသွားမယ်လို့ မန်စီးတီး ပရိသတ်တွေကို ကတိပြု ပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ စီးတီး ဆီကို လိဒ် ယူနိုက်တက် ကနေ ပြောင်းရွှေ့ လာတဲ့ ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ဟာလည်း ပုခုံး ဒဏ်ရာကြောင့် အင်္ဂလန် ရဲ့ နေးရှင်းလိဂ် ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ကာ အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ အသင်းက ဆုံးဖြတ်ပါက ဖိလစ် အနေနဲ့ ကမ္ဘာ့ဖလား ကိုပါ လွဲချော်နိုင်ချေ ရှိတယ်လို့ သိရပါတယ်။
မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက အသင်းတိုက်စစ်မှာ အာလင်းဟာလန်းနဲ့ ယူလီယန် အဲလ်ဗာရက်ဇ်တို့ တိုက်စစ်ကစားသမား နှစ်ဦး အတွဲအဖက်ကို မကြာခဏ အသုံးပြုလာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။
ဝုဗ်နဲ့ ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ် ခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား ဟာ ပရီးမီးယားလိဂ် မှာ ဂိုးဖန်တီးမှု ၉၂ ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ တချိန်က ပရီးမိးယားလိဂ် ရဲ့ နာမည်ကျော် ကွင်းလယ်လူ စတီဗင် ဂျရတ် ရဲ့ အရေအတွက် နဲ့ တူညီသွားခဲ့ပြီ ဖြစ်ကာ ဒီဘရိုင်းနား က ဂျရတ် ထက် ပွဲပေါင် ၂၈၀ ကျော် လျော့နည်းပြီး ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ရီယိုဖာဒီနန်က အာလင်းဟာလန်းအနေနဲ့ အခုလို စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းထားနိုင်မယ်ဆိုရင် Ballon d’Or ဆုအတွက်ကိုပါ အပြိုင်အဆိုင် ဖြစ်လာနိုင်ပြီး Ballon d’Or ဆုရှင်ပါ ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။