ဟာလန်း က စီးတီးရဲ့ စူပါစတား ဖြစ်လာမယ် လို့ ဝိန်း ရွန်းနီ ဟောကိန်းထုတ် ချီးကျူး

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက မန်စီးတီး တိုက်စစ်သမား ဟာလန်းဟာ တကယ့် ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး မန်စီးတီးမှာ စူပါစတားဖြစ်လာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဟာလန်းဟာ နွေရာသီတုန်းက ပေါင် ၅၁ သန်းနဲ့ ဒေါ့မွန်အသင်းထံကနေ စီးတီးကို ပြောင်းလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ နော်ဝေသားဟာ အသက် ၂၂ နှစ်သား သာ ရှိသေးတာဖြစ်ပြီး အခုနှုန်းအတိုင်း ဆက်ထိန်းထားနိုင်မယ်ဆိုရင် အင်္ဂလန်ရဲ့ထိပ်ဆုံးစံချိန်တွေကို ချိုးဖျက်နိုင်ဖွယ် ရှိနေပါတယ်။

ဝိန်း ရွန်းနီဟာ အလန်ရှီးယား ပြီးရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေကာ ဟာလန်းက လိုက်မီလာနိုင်တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့အတူ ရွန်းနီဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ ကြိမ် ၊ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ အက်ဖ်အေနဲ့ လိဂ်ဖလား ၃ ကြိမ်ရရှိခဲ့ပါတယ်။ အသက် ၃၆ နှစ်သား ဟာ လက်ရှိမှာ ဒီစီယူနိုက်တက်နည်းပြလုပ်နေပြီး ယခင်က ဒါဘီအသင်း နည်းပြ လုပ်ခဲ့တာဖြစ်ပါတယ်။

ရွန်းနီက “ ဟာလန်းက က တကယ်အကောင်းဆုံးလုပ်ပြနေတာပါ။ ဒေါ့မွန်နဲ့ပွဲတုန်းက သူ့ ဂိုးကို ကြည့်ဖြစ်ပါတယ်။ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့ဒီ မတိုင်ခင် သူ အခွင့်အရေးတစ်ကြိမ်ရခဲ့ပါသေးတယ်။

သူက အပြင်ဘက်မှာဆိုရင် ဘယ်ခြေကိုပဲ အသုံးပြုပါတယ်။ သူဘာကြောင့် ညာခြေကို အသုံးမပြုတာလဲ။ ကျွန်တော် ပြောဖူးပါတယ်။ တခါတလေမှာ တိုက်စစ်မှူးတစ်ဦးက လိုအပ်လာရင် အားနည်းတဲ့ခြေထောက်ကိုလည်း အသုံးပြု သင့်ပါတယ်။

ဒေါ့မွန်နဲ့ပွဲက သွင်းဂိုးဆို တကယ်ကောင်းပါတယ်။ သူက စီးတီးကို မတူညီတဲ့ အသင်းမျိုးဖြစ်အောင် လုပ်ဆောင်နေ တာပါ။ သူက တကယ့်ကို စမတ်ကျပါတယ်။ စီးတီးမှာ သူက စူပါစတား ဖြစ်လာနိုင်တယ်” လို့ ပြောဆို ချီးကျူး ခဲ့ပါတယ်။