ဘာလို့ နေရာတကာ လိုက်ဝေဖန်နေတာလဲလို့ လီဗာပူး ဂန္တဝင်ကို ပြန်မေးလိုက်တဲ့ ဂရီလစ်
ဘောလုံး ဝေဖန်သူ တစ်ဦးဖြစ်တဲ့ ဂရေမီ ဆောင်းနက်စ်ထံက ဝေဖန်မှုတစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့တဲ့နောက် ဂရီလစ်ရှ်က လီဗာပူးဂန္တဝင်ဟာ သူနဲ့ ပြဿနာတစ်ခု ရှိနေတယ်လို့ ယုံကြည်နေပါတယ်။
ဆောင်းနက်စ်က ၂၀၂၁ မှာ အီသီဟဒ်ကို စံချိန်တင် ပေါင်သန်း ၁၀၀ နဲ့ ပြောင်းလာပြီးကတည်းက ဂရီးလစ်ရှ်ဟာ တိုးတက်မှု မရှိခဲ့ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း ဆောင်းနက်စ်က ဂရီးလစ်ရှ်ဟာ လျင်မြန်တဲ့ သင်ယူနိုင်သူမဟုတ်ဘူးလို့ ဝေဖန်ထားခဲ့ပါသေးတယ်။
“ ကျွန်တော်နဲ့သူ့ရဲ့ပြဿနာက ဘာလဲဆိုတာ မသိတော့ပါဘူး။ သူက အမြဲတမ်း ကျွန်တော့်အကြောင်းတွေ လိုက်ပြောနေတာပဲ။ သူပြောတာတွေကို မဖတ်ဖို့ ကြိုးစားပါတယ်။ သူက Sky Sports မှာလုပ်နေတော့ သတိမပြုဘဲ နေဖို့က ခက်ပါတယ်။ သူတို့က လေ့ကျင့်ရေးကွင်းနားမှာ နေရာတိုင်း ရှိနေတာလေ။
သူက သိပ်ကောင်းတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ အများကြီးလည်း အောင်မြင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်အကြောင်း သူလိုက်ပြောနေရတဲ့ သူ့ရဲ့ ပြဿနာက ဘာလဲဆိုတာ ကျွန်တော်မသိဘူး။

ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အသွေးကို ကိုယ့်ဘာသာ သိပါတယ်။ သူက ကျွန်တော်ဟာ လျင်မြန်တဲ့ ဘောလုံးသယ်ဆောင်သူ မဟုတ်ဘူးလို့ ပြောလေ့ရှိတာ အရင်ထဲက သိပါတယ်။ ဒါပေမယ့် နည်းပြက တတ်နိုင်သလောက် ဘောလုံးထိန်းသိမ်းဖို့၊ နေရာတိုင်း ဘောလုံးသယ်ဆောင်ဖို့ ပြောပါတယ်။ အဲ့အတိုင်းလုပ်ဖို့ ကြိုးစားသွားမှာပါ။
ကျွန်တော် ကောင်းကောင်းမကစားရင် ဝေဖန်တဲ့လူတွေက အမြဲရှိမှာပါ။ အထူးသဖြင့် မနှစ်က ဒုတိယရာသီဝက်မှာ ကောင်းကောင်းမကစားနိုင်ခဲ့တာ သိပါတယ်။
ကျွန်တော် ပွဲတွေကို ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ဝေဖန်ဖြစ်ပါတယ်။ ကျွန်တော့်ကို အားပေးကူညီနေတဲ့သူတွေ အမြဲတမ်း ရှိပေမယ့် အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကိုယ်တိုင်ပဲ ကြိုးစားရမှာပါ ” လို့ ဂရီလစ်က ပြောဆိုခဲ့ပါတယ်။
