ဒီဘရိုင်း က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူပဲ လို့ အမွှန်းတင်လိုက်တဲ့ ဘယ်ဂျီယံနည်းပြ မာတီနက်ဇ်

ဘယ်ဂျီယံ လက်ရွေးစင်အသင်း နည်းပြ မာတီနက်ဇ်ကတော့ စီးတီး အသင်းသား ဒီဘရိုင်းဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦးလို့ အမွှန်းတင် ချီးကျူးလိုက်ပါတယ်။ မ

ဒီဘရိုင်း ဟာ ဝေးလ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဘရိုင်း က ပထမပိုင်းမှာလည်း ကိုယ်တိုင် ဂိုး ကန်သွင်းခွင့်ရခဲ့ပေမယ့် တိုင်ထိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ပရိသတ်တွေ အတွက် မက်ဆေ့ချ်ပေးချင်ပါတယ်။ ဒီဘရိုင်း ကစားတာကို ကြည့်ဖို့တော့ မပြောချင်ပါဘူး။ ကျွန်တော့် အတွက်တော့ ဒီဘရိုင်းက အကောင်းဆုံးကွင်းလယ်လူတစ်ဦးပါ။

ဒီနေ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က မှော်ဆန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ အသင်းမှာ ဒီဘရိုင်းလို ကစားသမားမျိုးရှိတာက ကံကောင်းပါတယ်”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်သား ဟာ ၂၀၂၁ -၂၂ ရာသီရဲ့ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဝုလ်ဘတ်အသင်း ကွင်းလယ်လူဟောင်းဟာ ၂၀၁၄ – ၁၅ တုန်းကလည်း ဘွန်ဒစ်လီဂါ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းဟာ PFA တစ်နှစ်တာအကောင်းဆုံးဆုကို ၄ ကြိမ်ရရှိထားပြီး ၂၀၁၉ – ၂၀ ရာသီတုန်းကလည်း ချန်ပီယံလိဂ် အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ အခုနှစ် ဘော်လွန်းဒီအော်ဆုကို ရရှိဖို့လည်း လျာထား စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။