ဂုရုကြီး ပေါမာဆန် ရဲ့ ဒီအပတ် မန်စီးတီး Vs မန်ချက်စတာ ယူနိုက်တက် တို့ ဒါဘီ ပွဲစဉ် အတွက် ဟောကိန်းထုတ်မှု
ဘောလုံးပွဲ ခန့်မှန်းရေး ဆရာကြီး ဖြစ်တဲ့ ပေါမာဆန်က ဒီအပတ် မန်စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ စူပါဆန်းဒေး မန်ချက်စတာ ဒါဘီ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ပေါမာဆန် က ” မန်ယူနိုက်တက်က မန်စီးတီးကို နာကျင်စေမယ့် ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့ အဲဒါကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး မန်ယူနိုက်တက်အတွက်တော့ ရလဒ်ကောင်းလည်း ရနိုင်သလို တစ်စစီလည်း စုတ်ဖြဲခံရနိုင်ပါတယ်။
သူတို့တွေအနေနဲ့ ဒီပွဲမှာ ကြာကြာနေနိုင်လေ ပါဝင်ပတ်သက်ခွင့် ပိုရလေ ဖြစ်လာမှာဖြစ်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပါလိမ့်မယ်။
စီးတီး ခံစစ်မှာ ကွာဟချက်တွေရှိနေမှာဖြစ်ပြီး အဲရစ်ဆင်နဲ့ ဖာနန်ဒက်စ်က အဲဒါကို ပြီးပြည့်စုံတဲ့ ပေးပို့မှုတွေနဲ့ ရှာဖွေဖို့ လိုပါလိမ့်မယ်။ ရော်နယ်လ်ဒိုက ဒီအပတ်မှာလည်း နောက်ထပ်တစ်ကြိမ် အရန်ခုံမှာ မြင်ရနိုင်ပြီး ယူနိုက်တက်သာ ဒီပွဲကို အနိုင်ကစားချင်ရင် တန်ပြန်တိုက်စစ်ကနေ မြန်နှုန်းနဲ့ကစားရမှာပါ။ ရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် ရုန်းကန်ခဲ့ရပြီး ဒီပွဲကို သူ ပွဲထွက်ပါဝင်ရမှာမဟုတ်ပါဘူး။

မာလာစီယာကလည်း ခုထိ ပရီးမီးယားလိဂ်မှာ အမှားများများစားစားမရှိသေးဘဲ တန်ဟက်က သူ့ကို သိနေတာကြောင့် စီးတီးနဲ့ပွဲမှာ သူ ပွဲထွက်ရပါလိမ့်မယ်။ မန်ယူနိုက်တက်ဟာ နောက်ဆုံး ၄ ပွဲမှာ သူတို့ကို ဂိုးသွင်းဖို့ ပိုခက်လာခဲ့ပြီး အဲဒီခံစစ်ပုံစံအတိုင်း ပွဲထွက်လာမှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
မန်ယူနိုက်တက် တိုက်စစ်အတွက်တော့ ခက်ခဲမှာဖြစ်ပြီး တန်ဟက်အနေနဲ့ အန်တိုနီကို ပွဲထွက်ကစားခိုင်းမလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ရှေ့တန်းကို ဝုန်းခနဲ တက်သွားပြီး နောက်လည်း အများကြီး ပြန်လိုက်နိုင်တဲ့ ကန်ဆယ်လို ကလည်း ရှိနေပြီး မန်စီးတီးက တိုက်စစ်ပိုင်းမှာ လူတွေ စုပြုံလာအောင် ဖန်တီးဖို့ ကြိုးပမ်းပါလိမ့်မယ်။
အီလန်ဂါက ကန်ဆယ်လို နောက်လိုက်ဖို့အတွက် ပွဲထွက်လာခဲ့ရင် ကျွန်တော် အံ့အားသင့်မှာမဟုတ်ပါဘူး။ ဂွါဒီယိုလာ အနေနဲ့ သူ့ကစားသမားတွေကို ဟာလန်းခေါင်းပေါ် ဘောလုံးရောက်အောင်ပဲ ဖြတ်တင်ပေးဖို့ ပြောမယ်လို့ ကျွန်တော် မထင်ပါဘူး။
ဟာလန်းက သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ပတ်သက်ပြီး တကယ် ဂရုစိုက်တယ်လို့လည်း မထင်ပါဘူး။ သူက ကြောက်စရာပါ။ သူ့ရဲ့ သူမတူတဲ့ လျင်မြန်မှုနဲ့ ရွေ့လျားနိုင်စွမ်းက ထူးခြားဆန်းကြယ်ပါတယ်။
ရက်ရှ်ဖို့ဒ်က တန်ပြန်တိုက်စစ် ကစားနေချိန်မှာ မန်ယူနိုက်တက်က သိပ်မတက်ဘဲ နောက်မှာလည်း နေနေရမှာပါ။ သူတို့တွေ ဒီပွဲကနေ ရမှတ်တခုခုရချင်ရင် မယုံနိုင်စရာကောင်းလောက်အောင် ခုခံကာကွယ်နိုင်ရပါလိမ့်မယ်။ သူတို့တွေ မန်စီးတီးကို တောင့်ခံနိုင်မှာမဟုတ်ဘဲ ဂွါဒီယိုလာရဲ့အသင်းကပဲ နောက်ဆုံးမှာ အလဲထိုးသွားပါလိမ့်မယ်။ ” လို့ သုံးသပ် ထားပါတယ်။
ပေါမာဆန်ကြီးရဲ့ ခန့်မှန်း ရလဒ်ကတော့ မန်စီးတီး ၃-၁ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့၊ ည ၇ နာရီခွဲ အချိန်၊ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကြမှာပါ။
