မန်စီးတီး vs ဆောက်သမ်တန်ပွဲအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းချက် ထွက်လာပါပြီ

ဒီအပတ် မန်စီးတီးပွဲအတွက် ဘောလုံးပွဲ ခန့်မှန်းသူကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ အခုလို ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

Manchester City vs Southampton
ပွဲချိန်။ ။ အောက်တိုဘာ ၈ ရက်၊ စနေနေ့ ည ၈း၃ဝ နာရီ။

ပေါမာဆန် သုံးသပ်ခဲ့မှုက ” ဘယ်နှစ်ဂိုးလောက် လိုချင်သလဲ? လိုချင်သလောက် ဖြစ်သွားနိုင်တဲ့ပွဲပါပဲ။ ကျနော်ကတော့ ၄-၀ ရလဒ် ဖြစ်မယ်လို့ ထင်မိတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲမစခင် အသင်းတစ်သင်းက အခွင့်အရေး လုံးဝ မရှိဘူးဆိုတာမျိုးက အကြိမ်တွေ အများကြီး မရှိပါဘူး။ ဒါပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းက အဲ့လိုဖြစ်အောင် လုပ်ထားနိုင်တယ်။

ဆောက်သမ်တန်က ဒီပွဲကနေ ဘာမှ မရနိုင်ပါဘူး။ အီသီဟဒ်မှာ မန်စီးတီးကို ဂိုးသွင်းရဦးမယ်၊ သူတို့ ဟာလန်းကိုလည်း ထိန်းချုပ်ရဦးမယ်။ ဒီပွဲ ဟာလန်း hat-trick ရရင် အံ့သြမှာ မဟုတ်ပေမယ့် မန်စီးတီး ကွင်းလယ်မှာ ဘယ်သူတွေ ပွဲထွက်မလဲ အပေါ် မူတည်ပါဦးမယ်။

ဘာနာဒို ဆေးဗားနဲ့ ဒီဘရိုင်းတို့ ဟာလန်းနောက်ကနေ ပွဲထွက်မယ်ဆိုရင် ဒီရာသီမှာ နော်ဝေသားက ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ ကျော် ရပါလိမ့်မယ်။ ဟာလန်းက ကမ္ဘာအကောင်းဆုံး မဟုတ်သေးပေမယ့် အကောင်းဆုံး အထောင်တိုက်စစ်မှူးပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတွေက မြင်ဖူးသမျှထဲ အကောင်းဆုံးပါပဲ ” လို့ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester City 4-0 Southampton