မန်စီးတီးမှာ ဟာလန်း က မျက်လုံးပြူးလောက်စရာ လုပ်ခလစာမျိုး ရရှိနေတယ် လို့ ဒေးလီးမေးလ် ဖော်ထုတ်

မန်ချက်စတာ စီးတီးမှာ တိုက်စစ်မှုး ဟာလန်းက တပတ် လုပ်ခပေါင် ၉ သိန်း အထိ ရရှိနေတယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြ လိုက်ပါတယ်။

ဒေါ့မွန်အသင်းကနေ ပေါင် ၅၁ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဟာလန်းဟာ လက်တလောမှာ အင်္ဂလန်လိဂ်ရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အခြေခံ လုပ်ခအပြင်ကို သွင်းဂိုးတွေအတွက် ရရှိတဲ့ ဆုကြေးတွေကြောင့် ပေါင် ၉ သိန်း အထိ ရရှိနေတာပါ။

အသက် ၂၂ နှစ်အရွယ် ကစားသမားက အခြေခံ လုပ်ခလစာအားဖြင့် အခြားသောကစားသမားတွေလိုပဲ ရရှိနေတာ ဆိုပေမယ့်လည်း အခြားသော ဆုကြေးငွေခံစားခွင့်တွေမှာတော့ မျက်လုံးပြူးလောက်စရာ ပမာဏကို ရရှိနေတာလို့ ဆိုပါတယ်။

အဲဒီဆုကြေးငွေတွေနဲ့ လုပ်ခလစာကို ပေါင်းလိုက်မယ်ဆိုရင် ပေါင် ၉ သိန်းအထိ ရှိမယ်လို့ ဒေးလီးမေးလ် သတင်းက ဆိုတာပါ။

ဒီရာသီမှာ မန်စီးတီးအတွက် ၁၂ ပွဲသာကစားပေးထားရချိန်မှာ ဟာလန်းက ၁၉ ဂိုးအထိ သွင်းယူ ပေးထားပါတယ်။ ဒါကြောင့်လည်း သူ့ကို ခေါ်ယူမှုက ရာစုနှစ်အတွင်း အကောင်းဆုံးခေါ်ယူမှုတခုလို့တောင်မှ တင်စားနေကြပြီ ဖြစ်ပါတယ်

အခု ဟာလန်းရရှိနေတဲ့ တပတ်တာဝင်ငွေကတနှစ်စာအားဖြင့် ပေါင် ၄၅သန်း၊ သန်း ၅၀ အထိရှိနေပြီး ပရီးမီးယားလိဂ် မှာ ဝင်ငွေအများဆုံးရ ကစားသမားတွေထဲက တဦးလို့တောင် ပြောရပါမယ်။

မန်စီးတီးအတွက်လည်း ဟာလန်းလိုကစားသမားအတွက် ပေးချေရမယ့် ဆုကြေးငွေက ပေးရတာတန်တယ်လို့ ပြောရပါမယ်။ အသင်းအတွက် သူ ခြေစွမ်းပြနေတာက မယုံကြည်နိုင်စရာကောင်းအောင်ကို ဖြစ်နေပြီး ရက်သတ္တပတ် တိုင်းမှာ သွင်းဂိုးတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။