Manchester City vs Southampton ပွဲအတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်

မန်စီးတီးဟာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ စနေနေ့ ည ၈း၃ဝ နာရီမှာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အဆိုပါပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ခရစ္စဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဆက်တန်က ” ဆောက်သမ်တန် မန်နေဂျာ ဟက်ဆန်ဟော့ က အထုတ်ခံရလုနီးပါး ရှိနေပြီး လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။

စိန့်တွေဟာ ပြီးခဲ့တဲ့ရာသီ စီးတီးကို အိမ်ကွင်းရော အဝေးကွင်းမှာပါ သရေကျအောင် ကန်ခဲ့ပါတယ်။ ဒီတကြိမ် အီတီဟက်မှာ ဒါမျိုး ဖြစ်လာဖို့က ခက်ပါတယ်၊ နီးတောင် နီးစပ်ဖို့ မလွယ်ပါဘူး။

ပက် ဂွာဒီယိုလာ အသင်းက ဒီပွဲမှာ သူတို့ သွင်းချင်ရင် ခရစ်ကတ်ပွဲတွေလို ဂိုးတွေ တရစပ် သွင်းပါလိမ့်မယ်။ ဒါပေမယ့် ပွဲကြပ်တွေ ဆက်နေလို့ ဒီပွဲနိုင်ပြီ ဆိုရင် အရှိန်နည်းနည်း လျှော့လိုက်တယ်ဆို ပျော်ရွှင်ရမှာပါပဲ။

ဒါကြောင့် ဒီပွဲမှာ ဂိုးရလဒ် အများကြီးတော့ ဟပြီး မမှန်းတော့ပါဘူး။ စီးတီးက လေးဂိုးလောက် ခပ်မြန်မြန် သွင်းပါလိမ့်မယ်။ ပြီးရင် လက်ကျန်ပွဲချိန်တွေမှာ အေးအေးဆေးဆေး ထိန်းသွားမှာပေါ့ ” ဆိုကာ သုံးသပ်သွားခဲ့ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Man City 4-0 Southampton