အာဆင်နယ် မဟုတ်တဲ့ မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်အသင်းကို ဂွာဒီယိုလာ ထုတ်ဖော်

ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် အသင်းကို ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့ပါတယ်။

မန်စီးတီးဟာ အမှတ်ပေးဇယားမှာ အာဆင်နယ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ ဒါပေမယ့်လို့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးရဲ့ အရေးကြီးဆုံးသော ပြိုင်ဘက်ဟာ ဇယားထိပ်က အာဆင်နယ် မဟုတ်ဘဲ လီဗာပူးအသင်း ဖြစ်နေဆဲလို့ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

အန်ဖီးထံ သွားရောက် ယှဉ်ပြိုင်ရမယ့်ပွဲ မတိုင်ခင် ပွဲကြိုမှာ လီဗာပူးက ဘောလုံးရာသီ အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ အခွင့်အရေးနဲ့ အချိန်ရှိနေဆဲဖြစ်ကြောင်း စီးတီးနည်းပြက သတိပေးခဲ့သလို အန်ဖီးကွင်းအပေါ် သူ့ရဲ့ အထင်ကြီးမှုကိုလည်း ပြသခဲ့ပါတယ်။

ဂွာဒီယိုလာက ” အန်ဖီးက အမြဲတမ်း ရင်ဆိုင်ရ ခက်ခဲ့တဲ့ နေရာပါ၊ ကျနော်တို့ အတူတကွ ကြိုးစားရပါမယ်။ အဲ့တာက သိပ်ကောင်းတဲ့ နေရာပါ။ လီဗာပူးက အမြဲတမ်း မန်စီးတီးရဲ့ အကြီးမားဆုံး ဆုဖလား ပြိုင်ဘက်ဖြစ်ပါတယ်။

သူတို့ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းကောင်းတွေကို ကျနော်တို့ သိပါတယ်။ အကယ်လို့ အမှတ်ပေးပွဲ ၁၀ ပွဲလောက်ပဲ ကျန်တော့တာဆိုရင် လီဗာပူးက ကျနော်တိ့ကို လိုက်မှီတော့မှာ မဟုတ်ဘူးလို့ ပြောမှာဖြစ်ပေမယ့် အခုကတော့ ဘာမဆို ဖြစ်နိုင်နေဆဲပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို အနိုင်ရခဲ့မယ်ဆိုရင် အဓိက ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းကို ရာသီအစမှာတင် ဖယ်ထုတ်နိုင်မယ့် အခွင့်အရေးဖြစ်လို့ ဒီပွဲမှာ အနိုင် ၃ မှတ်ရရေး အာရုံစိုက်ဖို့ ဂွာဒီယိုလာက အသင်းသားတွေကို သတိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။